စိတ်တည်ငြိမ် ကြည်လင်အောင်၊ သတိမလပ်ဘဲ အာရုံစုစည်းတတ်အောင် ပြုလုပ်တဲ့ နည်းလမ်းတစ်ခုကတော့ Trataka Candle Gazing၊ Candle Meditation ကျင့်စဉ်ပါပဲ။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်တဲ့ ၁-စိတ်ဓာတ်ကျခြင်း၊ ၂-စိတ်ဖိစီးခြင်း၊ ၃-စိတ်အာရုံစူးစိုက်မှု အားနည်းခြင်း၊ ၄- နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း၊ ၅- ဒေါသထွက်လွယ်ခြင်း၊ ၆-စိတ်မပျော်ရွှင် ဝမ်းနည်းအားငယ်လွယ်ခြင်း၊ ၇-ဘဝကို အကောင်းမြင်စိတ် နည်းပါးနေခြင်း များကို သက်သာစေပြီး၊ အမြင်အာရုံပိုင်းကို ပိုမိုအားကောင်းလာခြင်း၊ အာရုံကြောပိုင်းဆိုင်ရာတွေ ကောင်းမွန်လာခြင်း၊ မှတ်ဉာဏ်အားကောင်းစေခြင်း၊ ယောဂ အာစနများ ကျင့်ရာမှာ ပိုမိုတိုးတက်တည်ငြိမ်အောင် ကျင့်လိုသူတွေ လေ့ကျင့်သင့်တဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။
လာမယ့်တနင်္ဂနွေနေ့( ၁၄-၆-၂၀၂၀) နံနက် ၈နာရီမှာ ဆရာမခိုင်ခန့်သွင် (Reality Yoga Studio)နဲ့အတူ Trataka လို့ ခေါ်တဲ့(Candle Gazing)၊(Candle Meditation )ကို YRYEA လူမှုကွန်ရက်စာမျက်နှာကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ပါဝင်ဆော့ကစားချင်သူတွေအနေနဲ့ (၁)ဖယောင်းတိုင်တစ်တိုင်နဲ့ မီးခြစ်၊ (၂)မျက်လုံးနဲ့ တစ်တန်းထဲဖြစ်စေမဲ့ ဖယောင်းတိုင်တင်လို့ရမဲ့အမြင့်တနေရာ၊ (၃)တိတ်ဆိတ်ပြီး အလင်းရောင်မဝင်တဲ့ နေရာတခု ရှိဖို့ပဲ လိုအပ်ပါတယ်။
သတိပြုစရာ တခုကတော့ မျက်စိနဲ့ပတ်သက်သော ရောဂါဝေဒနာခံစားနေသူများလတ်တလော မျက်စိခွဲစိတ်ထားသူများအနေနှင့်လိုက်လံမပြုလုပ်သင့်ပါဘူး။
Nz (ရိုးရာလေး)