ထူးခြားဆန်းပြားတဲ့နည်းတွေနဲ့ ပန်းချီတွေကို ပုံဖော်ဖန်တီးတဲ့ ပန်းချီပညာရှင် (၈) ဦး

craft2.png

ပန်းချီပညာရှင်အများစုက ပန်းချီတွေကို ရေးဆွဲရာမှာ ကိုယ်နည်းကိုယ့်ဟန်နဲ့ ရေးဆွဲလေ့ရှိကြပါတယ်။ သူတို့ရဲ့ ပန်းချီတွေကို မြင်လိုက်တာနဲ့ ကြည့်ရှုသူတွေကို အံ့သြမင်သက်မှုတွေ ဖြစ်လောက်အောင် ဖန်တီးရေးဆွဲကြရပါတယ်။ တချို့ပန်းချီပညာရှင်တွေနဲ့ မတူအောင် ထူးခြားဆန်းပြားတဲ့နည်းနဲ့ ပန်းချီတွေကိုပုံဖော်ရေးဆွဲကြတဲ့ ပန်းချီပညာရှင်တွေလည်း ရှိကြပါတယ်။ အဲဒီပန်းချီပညာရှင်တွေရဲ့ ရေးဆွဲနည်းက စိတ်ဝင်စားစရာတွေနဲ့ ပြည့်လို့နေပါတယ်။ အခုအနည်းငယ်ပြောပြပေးချင်တာက ထူးခြားဆန်းပြားတဲ့နည်းနဲ့ ပန်းချီရေးဆွဲတဲ့ ပန်းချီပညာရှင် (၈) ဦးအကြောင်းပါပဲ။ သူတို့တွေ ဘယ်လိုနည်းနဲ့ ရေးဆွဲလည်းဆိုတာကို ဗီဒီယိုလေးနဲ့ မျှဝေပေးရင်း အနည်းငယ်ဖော်ပြပေးလိုက်ရပါတယ်။

ဗီဒီယိုလေးထဲမှာ ပါဝင်တဲ့ ပန်းချီပညာရှင် (၈) ဦးထဲက ပထမဆုံးတစ်ယောက်က ရက်ဆဲလ် ပိုဝယ်လ် (Russell Powell) ဖြစ်ပါတယ်။ သူကတော့ သူ့ရဲ့လက်ဖဝါးကို အသုံးပြုပြီး ရေးဆွဲတာပါ။ ဒုတိယမြောက်ပန်းချီပညာရှင်က ဆေးရည်အစား ရက်ထည်တွေကို အသုံးပြုပြီး ရေးဆွဲတဲ့ ဘန်ဂျမင်း ရှိုင်း (Benjamin Shine) ပါ။ နောက်ထပ်တစ်ယောက်က ဆေးစုတ်တံအစား မီးကို အသုံးပြုပြီး ရေးဆွဲတဲ့ စတီဖင် စပါဇူခ် (Steven Spazuk) ဖြစ်ပါတယ်။ စတုတ္ထတစ်ယောက်ကတော့ ခရစ်ယာန် ပီရီနီ (Christian Pierini) ဆိုတဲ့ ပန်းချီပညာရှင်ပါ။ သူကတော့ ရုပ်ပုံတွေ ဆေးခြယ်မယ့်အစား ပစ္စည်းအပိုင်းအစတွေကို အသုံးပြုပြီး ဖန်တီးရေးဆွဲပါတယ်။

ငါးယောက်မြောက်က စက္ကူအပိုင်းအစတွေကို အသုံးပြုပြီး ရေးဆွဲတဲ့ ပန်းချီပညာရှင် ယူလီယာ ဘရော့စကာရာ (Yulia Brodskaya) ဖြစ်ပါတယ်။ နောက်ထပ်တစ်ယောက်က ကာလန် စချအပ်ဘ် (Callen Schaub) ဆိုတဲ့ ပန်းချီပညာရှင်ပါ။ သူကတော့ ဆုံလည်ကို အသုံးပြုပြီး ပန်းချီရေးဆွဲဆေးခြယ်ပါတယ်။ ခုနှစ်ယောက်မြောက် ပန်းချီပညာရှင်က မက်ချ် ဇွန်း (Max Zorn) ဖြစ်ပြီး တိပ်တွေကို အသုံးပြုပြီး ပန်းချီရေးဆွဲဖန်တီးပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ နေရောင်နဲ့ ပန်းချီရေးဆွဲတဲ့ မိုက်ကယ်လ် ပါပါဒါကီစ် (Michael Papadakis) ဆိုတဲ့ ပန်းချီပညာရှင်ပဲဖြစ်ပါတယ်။

ဗီဒီယိုကြည့်ရှုရန် – http://tiny.cc/txtp9y

Ref: Crafty Panda
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top