အိမ်မှာပဲ လွယ်လွယ်ကူကူလုပ်လို့ရတဲ့ နှုတ်ခမ်းသား Scrub လုပ်နည်းများ

11-6-2020-yyl-024.jpg

တချို့လူတွေက အလှအပထိန်းသိမ်းတဲ့နေရာမှာ မျက်နှာကိုသာ ဦးစားပေးလုပ်ဖြစ်ကြပါတယ်။ နှုတ်ခမ်းသားကို နူးညံ့အောင် ဂရုစိုက်ထိန်းသိမ်းတာတွေမလုပ်ဖြစ်ကြပါဘူး။ တချို့ဆို နှုတ်ခမ်းသားအက်ကွဲကြမ်းတာ၊ သွေးထွက်တာတွေ ဖြစ်ကြပါတယ်။ နှုတ်ခမ်းခြောက်သွေ့ပြီး နာကျင်တဲ့ဒဏ်က လူကို ခံရခက်စေပါတယ်။ ရာသီဥတုအခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် နှုတ်ခမ်းက နူးညံ့ပြီး ထိခိုက်လွယ်တဲ့သဘာဝရှိတာကြောင့်ဘယ်အချိန်မဆို နှုတ်ခမ်းက ခြောက်သွေ့အက်ကွဲနိုင်ပါတယ်။ အဲဒီလိုဖြစ်တတ်တဲ့သူတွေက နှုတ်ခမ်းကို ရေဓာတ်ဖြည့် ပေးဖို့အချိန်ရောက်ပါပြီနော်။ နှုတ်ခမ်းကို ဂရုစိုက်ထိန်းသိမ်းတဲ့အနေနဲ့ မျက်နှာကို Scrub လုပ်သလို နှုတ်ခမ်းကိုလည်း Scrub လုပ်ပေးရပါမယ်။ ဈေးကြီးတန်ပစ္စည်းတွေဝယ်ပြီး နှုတ်ခမ်းကို Scrub လုပ်ဖူးကြမယ်ထင်ပါတယ်။ တကယ်တော့ သဘာဝပါဝင်ပစ္စည်းတွေနဲ့ နှုတ်ခမ်းသားကို Scrub လုပ်ရင် အကောင်းဆုံးပါပဲ။ ဒါကြောင့် နှုတ်ခမ်းသား နူးညံ့ သွားဖို့အတွက် အိမ်မှာပဲ လွယ်လွယ်ကူကူပြုလုပ်ရတဲ့ နှုတ်ခမ်း Scrub လုပ်နည်းတွေကို ပြောပြပေးလိုက်ရပါတယ်။

အုန်းဆီ၊ ပျားရည်တို့နဲ့ နှုတ်ခမ်းသား Scrub လုပ်နည်း

အုန်းသီးနဲ့ပျားရည်က အသားရေအတွက် အစွမ်းထက်သလို နှုတ်ခမ်းသားအတွက်လည်း ကောင်းပါတယ်။ အဲဒီနှစ်မျိုးပေါင်းစပ်ခြင်းက သင့်နှုတ်ခမ်းကို လိုအပ်တဲ့အာဟာရဓာတ် တွေဖြည့်ပေးနိုင်စွမ်းရှိပါတယ်။ ဒီScrub ကို ပြင်ဆင်ဖို့ဆိုရင် သင်လုပ်ရမှာက ပျားရည်စစ်စစ် (စားပွဲတင်ဇွန်း (၁) ဇွန်း) နဲ့ အုန်းဆီ (စားပွဲတင်ဇွန်း (၁) ဇွန်း) တို့ပါပဲ။ အဲဒီပါဝင်ပစ္စည်းတွေကို သကြားအညိုရောင်၊ ရေနွေးနွေးနဲ့ သမအောင်ရောစပ်လိုက်ပါ။ အရောအနှောကို သင့် နှုတ်ခမ်းသားမှာ (၃) မိနစ်လောက် လိမ်းထားလိုက်ပါ။ ပြီးရင် ရေနဲ့သန့်စင်လိုက်ရုံပါပဲ။ ဆဲလ်အသေတွေဖယ်ရှားသွားပြီး သင့်နှုတ်ခမ်းသား ပိုပြီးနူးညံ့လာတာကို ခံစားမိမှာဖြစ်ပါတယ်။

ကော်ဖီ၊ ပျားရည်တို့နဲ့ နှုတ်ခမ်းသား Scrub လုပ်နည်း

ဒီScrub လုပ်ဖို့ဆိုရင် ကော်ဖီမှုန့် နဲ့ ပျားရည်တို့ကို စားပွဲတင်ဇွန်း (၁) ဇွန်းစီယူပြီး အရောအနှောဖြစ်သွားတဲ့အထိ သမအောင်မွှေပေးရမှာဖြစ်ပါတယ်။ ပြီးရင် နှုတ်ခမ်းသားမှာလိမ်းပြီး (၂) မိနစ်လောက် ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ နောက်ထပ် (၂) မိနစ်လောက် အချိန်ပေးပြီးနောက်မှာ ရေနဲ့ သန့်စင်ပေးလို့ရပါတယ်။ သင့်နှုတ်ခမ်းသား ပြောင်းလဲသွားတာကို တွေ့မြင်ရမှာဖြစ်ပြီး နှုတ်ခမ်းက ပိုပြီး ရေဓာတ် ပြည့်ဝသွားမှာ ဖြစ်ပါတယ်။

နှင်းဆီပွင့်ဖတ်၊ နွားနို့တို့နဲ့ နှုတ်ခမ်းသား Scrub လုပ်နည်း

အပေါ်က Scrub လုပ်နည်း (၂) ခုအပြင် နှင်းဆီပွင့်ဖတ်နဲ့ နွားနို့ Scrub ကလည်း နှုတ်ခမ်းသားအတွက် ထိရောက်တဲ့နည်းပါပဲ။ နှင်းဆီပွင့်ဖတ်နဲ့နွားနို့တို့က အသားရေ အတွက်ကောင်းသလို နှုတ်ခမ်းအတွက်လည်း ကောင်းပါတယ်။ နှင်းဆီပွင့်ဖတ်အနည်းငယ်၊ နွားနို့အနည်းငယ်တို့ကိုယူပြီး အတူတူရောကြိတ်လိုက်ပါ။ အဲဒါကို သင့်နှုတ်ခမ်းသားမှာ လိမ်းလိုက်ပြီး (၁) မိနစ်လောက် အချိန်ပေးလိုက်ပါ။ ပြီးရင် ရိုးရိုးရေနဲ့ သန့်စင်လိုက်ရုံပါပဲ။

Ref: An easy guide to home-made scrubs for your lips

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top