လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀၀ မှ ကမ္ဘာ့ရှေးအကျဆုံး တိရစ္ဆာန်ရုပ်တုများ တွေ့ရှိ

5.6.2024-yyl-၅.jpg

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀၀ က ထွင်းထုထားတဲ့ တိရစ္ဆာန်ရုပ်တုတွေဟာ ကမ္ဘာပေါ်မှာ အစောဆုံးတိရစ္ဆာန်ရုပ်တုတွေလို့ သတ်မှတ်ခံထားရပါတယ်။ Neanderthal လူသားမျိုးနွယ်တွေနဲ့ ကာလတူ ရှင်သန်ခဲ့တဲ့ Upper Paleolithic မျိုးနွယ်ဝင် Aurignacian တွေက ဒီရုပ်တုတွေကို ထုဆစ်ခဲ့ကြတာလို့ ယုံကြည်ထားကြပါတယ်။

၁၉၃၁ ခုနှစ်မှာ ရှေးဟောင်းပညာရပ်ကို အပျော်တမ်းလေ့လာနေတဲ့ ဂျာမနီနိုင်ငံသား ဟာမန်းမွန်က ခွေးတူဝက်တူတစ်ကောင်ရဲ့ တွင်းကို စူးစမ်းလေ့လာနေရင်း (ရှေးခေတ်လူတွေရဲ့) မီးခတ်ကျောက်ပြားတွေကို တွေ့ရှိခဲ့တာပါ။ သူက တူဘင်ဂန်တက္ကသိုလ်ကို အကြောင်းကြားခဲ့ပြီး အဲဒီနေရာကို တူးဖော်ရှာဖွေမှုတွေ လုပ်ခဲ့ကြတာပါ။ တူးဖော်ရှာဖွေရင်း လုန်းမြစ်ကမ်းပါးရဲ့အထက် ပေ ၆၀ အကွာမှာရှိတဲ့ ဂူတစ်ဂူကို တွေ့ရှိခဲ့ပြီး ရှေးခေတ်လူတွေရဲ့ တိရစ္ဆာန်ရုပ်တုတွေကို တွေ့ရှိခဲ့တာပါ။

နောက်ထပ် နှစ်ပေါင်း ၇၀ အကြာမှာ ဗိုဂျယ်ဟတ်ဂူကို အကြီးအကျယ် တူးဖော်ရှာဖွေခဲ့ရာမှာတော့ ရှေးဟောင်းပစ္စည်း အများအပြား တွေ့ရှိခဲ့ရလို့ ဒီနေရာကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် တည်နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီဂူထဲကနေ တွေ့ရတဲ့ တိရစ္ဆာန်ရုပ်တုတွေကို ဆင်စွယ်၊ အရိုး၊ သမင်ဦးချိုတွေနဲ့ ထုဆစ်ထားတာပါ။ မြင်း၊ ခြင်္သေ့၊ မမ္မတ်ဆင်ကြီး၊ နွားထီး စတဲ့အကောင်တွေရဲ့ ရုပ်တုတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အရိုးတွေကို ထွင်းပြီး ဖန်တီးထားတဲ့ ပုလွေတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

Ref: Carved 40,000 Years Ago and Found in a Cave, These Are the Oldest-Known Animal Sculptures

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top