၁၆ နှစ်ကြာ ပျောက်ဆုံးနေတဲ့ လက်ထပ်လက်စွပ်ကို မုန်လာဥနီမှာ စွပ်လျက်သား ပြန်တွေ့

23-1-2023-yyl-172.jpg

၁၆ နှစ်ကြာ ပျောက်ဆုံးနေတဲ့ လက်ထပ်လက်စွပ်ကို နေအိမ်စိုက်ခင်းထဲက မုန်လာဥနီမှာ စွပ်လျက်သား ပြန်တွေ့ခဲ့ရတာပါ။ ဆွီဒင်အမျိုးသမီး လီနာက သူ့ရဲ့လက်ထပ်လက်စွပ်ကို သူကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး ရွှေဖြူမှာ စိန် ၇ ပွင့် တပ်ဆင်ထားတာပါ။

၁၉၉၅ ခုနှစ်မှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး နေရာအနှံ့လိုက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ပါဘူး။ လက်စွပ်တွေ့လိုတွေ့ငြားဆိုပြီး သူတို့နေအိမ်ကြမ်းခင်းကိုတောင် ပြင်ခဲ့ပါသေးတယ်။ ၂၀၁၁ ခုနှစ်ကျမှ ခြံထဲမှာ မုန်လာဥနီ ဖော်ရင်း သူ့လက်စွပ်ကို ပြန်တွေ့ခဲ့တာပါ။

Ref: Sweden: Wedding ring ‘found on carrot’ after 16 years

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top