ကြိုးခုန်တတ်တဲ့ စွမ်းရည်ကြောင့် ကမ္ဘာ့ဂင်းနက်စ်စံချိန်ဝင်ခဲ့တဲ့ ကြောင်လေး

22.8.23-yyl-5.jpg

မစ်ဆိုရီပြည်နယ်က အသက် ၁၃ နှစ်အရွယ် ကစ်ကက်အမည်ရတဲ့ ကြောင်လေးတစ်ကောင်က ကမ္ဘာ့ဂင်းနက်စ်စံချိန်ဝင်ခဲ့ပါတယ်။ ကစ်ကက်က ၁ မိနစ်အတွင်း ၉ ကြိမ် ကြိုးခုန်ခြင်းဖြင့် ကမ္ဘာ့ဂင်းနက်စ်စံချိန်ဝင်ခဲ့တာပါ။

ကစ်ကက်က သူ့သခင်ဖြစ်သူ ထရစ်ရှ ဆိုင်ဖရိုင်ရဲ့အကူအညီနဲ့ ၁ မိနစ်အတွင်း ကြိုးအများဆုံးခုန်နိုင်တဲ့ စံချိန်ကို ချိုးခဲ့တာပါ။ ကစ်ကက်ဟာ ၆ လအရွယ်ကတည်းက အခုလိုကြိုးခုန်တဲ့အလေ့အကျင့်ကို လေ့ကျင့်လာခဲ့ရတာပါ။ ၆ လအရွယ်တုန်းက ကစ်ကက်ဟာ ခြံထဲက လူတွေအများကြီးရှေ့မှာ ကြိုးခုန်ပြခဲ့တယ်လို့ သူ့သခင်ဖြစ်သူက ပြောပါတယ်။

Animal Talent Agency တည်ထောင်ထားတဲ့ ထရစ်ရှက ကစ်ကက်နဲ့ သူ့ရဲ့မွေးချင်းတွေကို မိခင်နဲ့အတူ စပါးကျီတစ်ခုမှာ တွေ့ရှိခဲ့တာပါ။ ထရစ်ရှက ပရော်ဖက်ရှင်နယ်တိရစ္ဆာန်လေ့ကျင့်ရေးဆရာအဖြစ် နှစ်တော်တော်ကြာလုပ်ကိုင်နေတာပါ။

ကစ်ကက် လုပ်နိုင်တာက ကြိုးခုန်တာအပြင် High fives လုပ်တာ၊ ဝှေ့ယမ်းတာ၊ လှည့်တာ၊ အမိန့်နာခံတာ၊ အမှတ်အသားပေးတာ၊ သူ့ရဲ့လက်ဖဝါးနဲ့ ထိတာတွေလည်း လုပ်နိုင်တယ် သိရပါတယ်။ ကစ်ကက်က High five လုပ်ရတာကို အကြိုက်ဆုံးပါတဲ့။ ကစ်ကက်ကို မုန့်ကျွေးပြီးတော့ ကြိုးခုန်တာနဲ့ အခြားအရာတွေကို သင်ခဲ့ရတာပါ။ ယုံကြည်ချက်ရှိရှိနဲ့ ကြိုးခုန်နိုင်ဖို့အတွက် ၆ ပတ်အချိန်ယူခဲ့ရပါတယ်။

ကစ်ကက် ကြိုးခုန်တဲ့ဗီဒီယိုကြည့်ရှုရန်

Ref: Cat Sets Guinness World Record With Jump-Roping Feat

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top