မသန်စွမ်းသားရဲ့ဆေးဖိုးကို ရေခဲခြစ်ရောင်းပြီးရှာနေရရှာတဲ့ ဖခင်တစ်ဦးရဲ့မေတ္တာ

yyl-009-9.jpg

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နေထိုင်နေကြတဲ့သူတွေကတော့ အန်ကယ် ဒန် (Uncle Dam) ဆိုတဲ့ ထိုင်းအမျိုးသားကို သိကြမယ်ထင်ပါတယ်။ အဲဒီအမျိုးသားက သူ့သားနဲ့အတူ ဘန်ကောက်မြို့လယ်ခေါင်မှာ နေ့တိုင်း ရေခဲခြစ်ရောင်းချပါတယ်။ သူ့သားရဲ့ဆေးဖိုးရှာဖို့အတွက် Rat Burana ခရိုင်အနီးနား ဘန်ကောက်မြို့လယ်ကို (၆) ကီလိုမီတာလောက် နေ့တိုင်းလမ်းလျှောက်ပြီး ဘတ်ငွေ (၁၀) တန် အစာပလာမျိုးစုံနဲ့ ရေခဲခြစ်ကို ရောင်းနေတာပါ။

သတင်းမီဒီယာတွေအရ အရင်က အန်ကယ် ဒန်က ရေခဲခြစ်တစ်ခုကို ဘတ်ငွေ (၁၅) နဲ့ ရောင်းချနေခဲ့တာပါ။ ဒါပေမဲ့ ဝယ်စားသူတွေက သူ့ရဲ့ရေခဲခြစ်ဖိုးနဲ့ ပတ်သက်ပြီး ညည်းညူပြောဆိုခဲ့တဲ့အတွက် ဈေးကို လျော့ရောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ပိုင်းဆိုင်ရာမသန်စွမ်းဖြစ်နေတဲ့ ဒန်ရဲ့သားက နေ့တိုင်း သူ့အဖအလုပ်လုပ်တဲ့နောက်ကို အဖော်လိုက်ပေးပါတယ်။ ဒန်အတွက် သူ့သားက ရှေ့ဆက်လုပ်နိုင်ဖို့အတွက် ခွန်အားတစ်ခုပါပဲ။ သူ့သား အသက် (၈) လသားအရွယ်မှာ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းတဲ့လက္ခဏာတွေ စပြခဲ့တာပါ။ ဒန်ရဲ့ဇနီးက သူမ့သားရဲ့ရုပ်ပိုင်းဆိုင်ရာမသန်စွမ်းတာကို လက်မခံနိုင်ဖြစ်ပြီး နောက်ဆုံးမှာ သူတို့နှစ်ယောက်လုံးကို ထားသွားခဲ့တာပါ။

ဒါက သူ့ကို အကြီးအကျယ်စိတ်ထိခိုက်စေခဲ့ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့အထိတောင် တွန်းပို့ခဲ့ပါတယ်။ ဒါပေမဲ့ သူ့သားကို ငဲ့ပြီး ဆေးဖိုးရှာဖို့အတွက် ရေခဲခြစ်ရောင်းတဲ့အလုပ်ကို အတူတူလုပ်ဖြစ်သွားခဲ့ပါတယ်။ သူ့သားရဲ့ကိုယ်ခံအားနည်းတဲ့စနစ်ကြောင့် မကြာခဏ နေမကောင်းဖြစ်ပါတယ်။ ဒန်က သူ့ရဲ့ခွန်အားတွေက လက်ရှိဘဝမှာ နေစေခဲ့ပြီး သူ့ဇနီးရဲ့စွန့်ပစ်မှုကို ကျော်လွှားနိုင်ဖို့ ကူညီပေးရင်းနဲ့ အတိတ်မှာ မနစ်မွန်းစေခဲ့ဘူးလို့ ဆိုပါတယ်။

“ကျွန်တော် လက်ရှိဘဝကိုသာ အာရုံစိုက်ပြီး ကိုယ့်ကိုယ်ကို ပျော်ရွှင်ဖို့အတွက် ကျော်လွှားပစ်ခဲ့ပါတယ်။ အတိတ်ကို အတိတ်မှာ ထားသင့်ပြီး လက်ရှိမှာ ပျော်ရွှင်မှုကို ရှာတွေ့ဖို့ ကျွန်တော်တို့ ကြိုးစားသင့်ပါတယ်။ အနာဂတ်က ခန့်မှန်းလို့မရပါဘူး။ ဒါကြောင့် အဲဒီနဲ့ပတ်သက်ပြီး အရင်ကြီးမစိုးရိမ်သင့်ဘူး” လို့ ဒန်က ပြောပါတယ်။

Ref: Thai man sells ice kacang for S$0.45 daily to pay son’s medical bills after wife abandons family

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top