နဖူးကိုလျှာနဲ့လျက်နိုင်တာ သူတစ်ယောက်တည်းရှိတယ်ဆိုပြီး စိတ်ကြီးဝင်နေတဲ့ လျှာရှည်အမျိုးသား

48382203_319279465589250_471384751068938240_o.jpg

ရက်ခ်ရာ ဗဟာဒူး ကတ်တူဝဲလ် (Yagya Bahadur Katuwal) ဆိုတဲ့အမျိုးသားဟာ နီပေါလ် (Nepal) မှာတော့ အင်မတန် နာမည်ကျော်ကြားပါတယ်။ ၎င်းအမျိုးသားဟာ ခွန်အားကြီးလို့၊ မျက်စိမှိတ်ပြီး ထိုးကြိတ် ရန်ဖြစ်နိုင်လို့ မဟုတ်ဘဲ ၎င်းရဲ့လျှာက နဖူးကို ထိနိုင်တဲ့အတွက် နာမည်ကြီးခြင်းပဲ ဖြစ်ပါတယ်။

ရက်ခ်က “ကျွန်တော်ကတော့ ကျွန်တော့်ကိုယ်ကျွန်တော် ကြည့်ကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော့်လျှာနဲ့ ကျွန်တော့်နှာခေါင်းကို ကာထားနိုင်တယ်။ နဖူးကိုလည်း ထိလို့ရတယ်။ နောက်ထပ်လျှာကို အသုံးပြုပြီး မော်တော်ဆိုင်ကယ် အင်ဂျင်စက်သံမျိုးလည်းလုပ်လို့ရတယ်။ သရဲကားရိုက်ရင်လည်း သူများတွေလို မိတ်ကပ်အများကြီး မလိုဘူးလေ” လို့ သူ့လျှာနဲ့ ပတ်သက်ပြီး ဂုဏ်ယူစွာပြောကြာသွားခဲ့ပါတယ်။

ရက်ခ်ရာဟာ ၎င်းနဖူးကို လျှာနဲ့ လျှက်ပြတဲ့ ဗီဒိုယို အွန်လိုင်းမှာ ပျံ့နှံ့ပြီးနောက် ပိုလို့နာမည်ကြီးသွားခဲ့တာလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီး ရက်ခ်ရာက “ကလေးတွေက ကျွန်တော့်နား သိပ်မကပ်ရဲကြဘူး။ ကြောက်သေးတွေပေါက်ပြီး ဘောင်းဘီတွေ စိုရွှဲကုန်တာ။ လူကြီးတွေဆိုလည်း ရုတ်တရတ် ကျွန်တော် လျှာထုတ်နေတဲ့အချိန် ကျွန်တော်ကိုမြင်ရင် သတိလွတ်သွားတတ်ကြတယ်” လို့ ၎င်းရဲ့အတွေ့အကြုံကို ပြောပြထားပါသေးတယ်။

ယခုလက်ရှိမှာ ကမ္ဘာ့ လျှာအရှည်ဆုံး အမျိုးသားကတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါက နိုက်ခ် စတိုဘရယ် (Nick Stoeberl) ဆိုသူဖြစ်ပြီး နိုက်ခ်ရဲ့ လျှာထိပ်ကနေ လျှာလယ်ထိ (၁၀.၁ စင်တီမီတာ/ ၃.၉၇ လက်မ) အရှည်ရှိပါတယ်။

Ref: elitereaders “Man Can Lick His Own Forehead And Claims To Be The Only One In The World Who Can Do It”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top