ဗဟိုဘဏ်အနေနဲ့ ဇွန်လ တစ်လအတွင်း ဈေးပြိုင်စနစ် ဒေါ်လာ ၃၉ သန်းကျော် ဝယ်ယူ

2-6-2020-yyl-013.jpg

ပြည်တွင်းဒေါ်လာဈေး အတက်၊ အကျကို ထိန်းချူပ်ရန်အတွက် ဗဟိုဘဏ်အနေနဲ့ ဇွန်လအတွင်း ဈေးပြိုင်လေလံစနစ်နဲ့ အမေရိကန်ဒေါ် လာ ၃၉ သန်းကျော်ကို ဝယ်ယူခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဇွန်လ (၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ ဈေးကွက်ထဲကို (၁၃) ကြိမ်အထိ လေလံစနစ်နဲ့ ဝင်ရောက်ဝယ်ယူခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေဈေးပြိုင်လေလံ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗဟိုဘဏ်အနေနဲ့ အမြင့်ဆုံးဈေး ၁၄၀၀ ကျပ်မှ အနိမ့်ဆုံး ၁၃၇၈ ကျပ်အထိ ပေးဝယ်ခဲ့တာဖြစ်ပါတယ်။

Covid-19 ကာလအတွင်း မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာဈေးကွက်ဟာ အနိမ့်ဆုံး ၁၃၀၀ ကျပ်အထိ ကျဆင်းခဲ့ပါတယ်။

Cherry ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply