ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်ရဲ့ ခံစစ်အမှားတွေကို လမ်းပတ် ညည်းတွား

2-6-2020-yyl-012.jpg

ဝက်စ်ဟမ်းကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ လမ်းပတ်က သူ့အသင်းရဲ့ ခံစစ်အမှားတွေကို ညည်းတွားခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီးပွဲစဉ်မတိုင်ခင် လက်စတာက အဲဗာတန်ကို ရှုံးနိမ့်ခဲ့လို့ ချဲလ်ဆီးက အဲဒီပွဲမှာ အနိုင်ရခဲ့ရင် အဆင့်(၃) နေရာကို တက်လှမ်းနိုင်မှာဖြစ်ပေမဲ့ ယာမိုလန်ကိုရဲ့ ပွဲချိန်နှောင်းပိုင်းသွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့တာပါ။ ယာမိုလန်ကိုရဲ့ အနိုင်ဂိုးသွင်းယူမှုမှာ ဝက်စ်ဟမ်းအသင်း တန်ပြန်တိုက်စစ်စတင်နေချိန် ချဲလ်ဆီးဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုက ခံစစ်ပြန်မဆင်းနိုင်ခဲ့တဲ့ အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

” ပြိုင်ပွဲပြန်စချိန်မှာ ၃ ပွဲဆက် ရလဒ်ကောင်းခဲ့တယ်။ ဒီညပွဲမှာ အဆင့်(၃) နေရာ တက်လှမ်းဖို့ အခွင့်အရေးရခဲ့တယ်။ ဒီလိုပွဲမျိုးမှာ တစ်ပွဲလုံးကောင်းဖို့ လိုပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ရမယ်။ ပွဲချိန်အများစုမှာ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အာရုံစူးစိုက်မှု မရှိတော့တဲ့အခါ အမှားတစ်ခု၊ နှစ်ခုလောက် လုပ်မိလိုက်တာနဲ့ သူတို့က ဂိုးပြန်သွင်းသွားတယ်”လို့ လမ်းပတ်က ပြောပါတယ်။ ချဲလ်ဆီးဟာ အဆင့်(၅) နေရာက မန်ယူကို ၂ မှတ်ဖြတ်ထားပြီး လာမယ့်စနေနေ့ကျရင် ဝက်ဖို့ဒ်အသင်းနဲ့ ကစားရမှာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top