၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် မတ်မတ်ရပ်နိုင်ခဲ့တဲ့ လူငယ်လေး

straight.jpg

ကျောရိုးအဆစ် ရောင်ရမ်းတဲ့ အခြေအနေ (ankylosing spondylitis) ကြောင့် မတ်မတ် မရပ်နိုင်ခဲ့တဲ့ တရုတ်လူငယ်လေးဟာ နည်းပညာ မြင့်မားတဲ့ ကျောရိုးခွဲစိတ်မှု ၄ ကြိမ် လုပ်ခဲ့ပြီးနောက် သာမန်လူတွေအတိုင်း မတ်မတ်ရပ် လမ်းလျှောက်နိုင်တော့မှာ ဖြစ်ပါတယ်။

ကျင်းယန်ချန်းလို့ အမည်ရတဲ့ လူငယ်လေးဟာ ဦးခေါင်းက နောက်ကို လန်နေပြီး ကျောရိုးကလည်း ကိုင်းညွတ်နေပါတယ်။ ဒီလို အခြေအနေရှိပေမဲ့ ကျင်းယန်ချန်းကတော့ သူ့အိပ်မက်ကို လက်မလျှော့ခဲ့ပါဘူး။ ၂၀၂၂ ခုနှစ်က ယောဂဖျာပေါ်မှာ ထိုင်ရင်း အထက်တန်းစာမေးပွဲ ဖြေဆိုခဲ့ပြီး စာမေးပွဲ အောင်မြင်ခဲ့သလို စွမ်းအင်နဲ့ အင်ဂျင်နီယာဘာသာရပ် သင်ကြားဖို့ တက္ကသိုလ်တက်ခွင့်လည်း ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ ၁၂ နာရီကြာမြင့်တဲ့ နောက်ဆုံးခွဲစိတ်မှုတစ်ကြိမ်အပါအဝင် နည်းပညာမြင့် ခွဲစိတ်မှု ၄ ကြိမ် လုပ်ခဲ့ပြီး ၁၇၀ ဒီဂရီ တိမ်းညွတ်နေတဲ့ သူ့ကျောရိုးကို ပြန်လည်တည့်မတ်နိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းယန်ချန်းက သာမန်လူတစ်ဦးလို မတ်မတ်ရပ်နိုင်ပြီ ဖြစ်ပါတယ်။

ကျင်းယန်ချန်းအကြောင်းဟာ ဘယ်လိုအခြေအနေတွေပဲကြုံကြုံ မလျှော့သောဇွဲနဲ့အတူ သင့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်စွမ်း ရှိတယ်ဆိုတာကို မီးမောင်းထိုးပြတဲ့ ပြယုဂ်တစ်ခု ဖြစ်နေပါတယ်။

Ref: China ‘folded boy’ stands up straight for first time after surgeries to break, reset bones

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top