တရားစွဲဆိုမှုကနေ ကင်းလွတ်ခွင့်ပေးဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု တောင်းဆို

4.jpg

အကျင့်ပျက်ခြစားမှုစွဲချက်တွေနဲ့ တရားစွဲဆိုခံထားရတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ လွှတ်တော်ဆိုင်ရာ ကင်းလွတ်ခွင့်လျှောက်ထားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ တရားစွဲဆိုမှုကနေ ကင်းလွတ်ခွင့်လျှောက်ထားလိုက်တဲ့အတွက် လာမယ့်မတ်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲပြီးမှပဲ နေတန်ယာဟုကို ရုံးတင်စစ်ဆေးနိုင်ဖွယ် ရှိနေပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အစ္စရေးနိုင်ငံ အစိုးရရှေ့နေချုပ်က နေတန်ယာဟုကို လာဘ်စားမှု၊ လိမ်လည်မှု၊ ယုံကြည်မှုချိုးဖောက်မှု စတဲ့ သီးခြားဖြစ်ရပ်(၃)ခုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

နေတန်ယာဟုကတော့ အမှားအယွင်းတစ်စုံတရာမလုပ်မိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ နေတန်ယာဟုအနေနဲ့ လွှတ်တော်ဆိုင်ရာ ကင်းလွတ်ခွင့်ရရှိဖို့အတွက် လွှတ်တော်အမတ် တစ်ဝက်ကျော်ရဲ့ ထောက်ခံအားပေးမှု လိုအပ်နေပါတယ်။ အစ္စရေးနိုင်ငံခေါင်းဆောင်အဖြစ် အချိန်အကြာဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ နေတန်ယာဟုဟာ ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးသမားတွေထံကနေ လက်ဆောင်တွေ လက်ခံရယူခဲ့ပြီး မီဒီယာတွေမှာ သူ့ရဲ့ကောင်းသတင်းတွေ ဖော်ပြစေဖို့ မျက်နှာသာပေးဆက်ဆံတာမျိုး လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

နေတန်ယာဟုဟာ လွှတ်တော်ဆိုင်ရာ ကင်းလွတ်ခွင့်လျှောက်ထားဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့အချိန်မတိုင်မီ ၄ နာရီအလိုမှ ရုပ်သံက ထုတ်လွှင့်တဲ့ မိန့်ခွန်းပြောကြားမှုကနေ ကင်းလွတ်ခွင့်လျှောက်ထားဖို့ ကြေညာခဲ့တာပါ။ အစ္စရေးနိုင်ငံဥပဒေအရ လွှတ်တော်အမတ်တွေဟာ တရားစွဲဆိုမှုကနေ အလိုအလျှောက်ကင်းလွတ်ခွင့် မရပါဘူး။ ဒါပေမဲ့ အခြေအနေအရ လိုအပ်လာရင် ကင်းလွတ်ခွင့်လျှောက်ထားနိုင်ပါတယ်။ အစ္စရေးနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ လက်ရှိဝန်ကြီးချုပ်အနေနဲ့ စီရင်ချက်ချမှတ်ခံရရင် ရာထူးကနေ ချက်ချင်းဆင်းပေးရမှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top