ပါကစ္စတန်နိုင်ငံက ကျိုင်းကောင်တွေကို ရှင်းလင်းဖယ်ရှားဖို့ တရုတ်နိုင်ငံက ဘဲအကောင်ရေ ၁၀၀,၀၀၀ ပို့ပေးမယ်

intl03.jpg

ကောက်ပဲသီးနှံတွေကို ကိုက်ဖြတ်စားသောက်တတ်တဲ့ ကျိုင်းကောင်တွေကို ရှင်းလင်းဖယ်ရှားရာမှာ အထောက်အပံ့ဖြစ်စေဖို့အတွက် တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံကို ဘဲအကောင်ရေ ၁၀၀၀၀၀ စေလွှတ်ဖို့ စီစဉ်နေပါတယ်။ အရွယ်ရောက်ပြီးသား ဘဲတစ်ကောင်က တစ်နေ့ကို ကျိုင်းကောင် ၂၀၀ ကျော် ကိုက်ဖြတ်စားသောက်နိုင်လို့ ဘဲတွေကို စေလွှတ်တာဟာ ပိုးသတ်ဆေး ဖျန်းတာထက် ပိုထိရောက်တယ်လို့ တရုတ်နိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ကျိုင်းကောင်ကျရောက်မှု အဆိုးရွားဆုံး ဖြစ်ခဲ့ပြီးနောက် အခုလအစောပိုင်းမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ အာဖရိကအရှေ့ပိုင်းဒေသတွေမှာလည်း သန်းနဲ့ချီတဲ့ ကျိုင်းကောင်တွေက ကောက်ပဲသီးနှံတွေကို ကိုက်ဖြတ်စားသောက်ခဲ့လို့ အရေးပေါ်အခြေအနေ ကြေညာခဲ့ရဖူးပါတယ်။ ဘဲတွေဟာ ကျိုင်းကောင်တွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတဲ့ ဇီဝလက်နက်ဖြစ်တယ်လို့ ကျီကျင်းစိုက်ပျိုးရေးသိပ္ပံအကယ်ဒမီရဲ့ ထိပ်တန်းသုတေသီ လူလီချီက ပြောပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၀၀ ပြည့်နှစ်ကလည်း ကျိုင်းကောင်ကျရောက်မှုကို ရှင်းလင်းဖယ်ရှားဖို့အတွက် ကျီကျင်းပြည်နယ်ရဲ့ ဘဲအကောင်ရေ ၃၀၀၀၀ ကို ရှင်ကျန်းဒေသထံ ပို့ဆောင်ခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top