ကိုဗစ်-၁၉ ကာလမှာ ဝင်ငွေရရှိဖို့ ဘုရားဖူးခရီးစဉ် ပြေးဆွဲမယ့် ထိုင်းလေကြောင်းလိုင်း

6-11-2020-yyl-023.jpg

ကိုဗစ်-၁၉ ကပ်ရောဂါကာလ ခရီးသွားလာမှု ကျဆင်းနေချိန်မှာ ဝင်ငွေ ရရှိဖို့ ကြိုးပမ်းနေတဲ့ ထိုင်းလေကြောင်းလိုင်းဟာ ဘုရားဖူး လေကြောင်းခရီးစဉ်တွေ ပျံသန်းဖို့ စီစဉ်နေသလို တခြားဖန်တီးမှုတွေလည်း လုပ်နေပါတယ်။ အခုလနှောင်းပိုင်းကျရင် ထိုင်းနိုင်ငံမှာ အထွတ်အမြတ်ထားတဲ့ နေရာ ၉၉ ခုကို လှည့်လည်ပျံသန်းမယ့် လေကြောင်းခရီးစဉ် ပြေးဆွဲမှာပါ။ အဲဒီခရီးစဉ်မှာ ပြည်နယ် ၃၁ ခုမှာရှိတဲ့ ဗုဒ္ဓစေတီ၊ ဘုရားတွေထံ လှည့်လည်ပျံသန်းမှာဖြစ်ပြီး ၃ နာရီကြာမြင့်မှာပါ။ စားစရာကျွေးပြီး ဘုရားစာအုပ်တွေ ဝေပေးမဲ့ အဲဒီခရီးစဉ်ဟာ ဘတ်ငွေ ၅၉၉၉ ကနေ ၉၉၉၉ အထိ ပေးရမှာပါ။

ထိုင်းလေကြောင်းလိုင်းဟာ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ကော်ဖီရောင်းချတာ၊ မုန့်ရောင်းတာတွေ လုပ်နိုင်ပါတယ်။ ဒါ့အပြင် အသက်ကယ်အင်္ကျီအဟောင်းများ၊ လေယာဉ်မှာ အရေးပေါ်ဆင်းနိုင်မယ့် ဆင်ခြေလျှောတွေကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး အိတ်တွေ ချုပ်လုပ်ရောင်းချနေပါတယ်။ ထိုင်းလေကြောင်းလိုင်းက တီထွင်ဖန်တီးမှုတွေလုပ်ပြီး ဝင်ငွေရှာဖွေနေပေမဲ့ ကပ်ရောဂါကာလမှာ ကြွေးမြီမြင့်တက်နေဆဲပဲလို့ ဆိုပါတယ်

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top