ပလတ်စတစ်သုံးစွဲမှုကို လျော့ချပေးရာရောက်တဲ့ Kit Kat Japan ရဲ့ထုတ်ပိုးမှုပုံစံအသစ်

yyl-027-3.jpg

Nestle ကုမ္ပဏီဟာ ပလတ်စတစ်ထုတ်ပိုးမှုအများဆုံးထုတ်လုပ်တဲ့ကုမ္ပဏီတွေက တစ်ခုဖြစ်တာကြောင့် နှစ်တော်တော်ကြာ အငြင်းပွားဖွယ်ရာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါကြောင့်ပဲ ထုတ်ပိုးမှုနဲ့ပတ်သက်ပြီး နည်းဗျူဟာအသစ်တွေ ဖန်တီးလာခဲ့ပါတယ်။ အဲဒီလိုပြောင်းလဲမှုတွေလုပ်လာတဲ့အတွက် လူတွေရဲ့ကောင်းတဲ့တုံ့ပြန်ချက်တွေလည်းရလာခဲ့ပါတယ်။

မကြာသေးခင်ကမှ Nestle ကုမ္ပဏီကထုတ်လုပ်တဲ့ Kit Kat Japanကို ပလတ်စတစ်ထုတ်ပိုးမှုအစား စက္ကူထုတ်ပိုးမှုနဲ့ အစားထိုးလိုက်ပါတယ်။ အဲဒီထုတ်ပိုးမှုကိုမှ စားသုံးသူတွေအတွက် အပျင်းပြေစက္ကူအရုပ်ခေါက်လို့ရအောင် အရုပ်ခေါက်နည်းကိုပါ အပိုထည့်ပေးထားပါတယ်။ ဒါကြောင့် စားသုံးသူတွေက အမှိုက်ကိုလွတ်ပစ်မယ့်အစား စက္ကူအရုပ်လေးဖန်တီးလို့ရမှာဖြစ်ပါတယ်။

အစီအစဉ်အသစ်က ကုန်ပစ္စည်းအသစ်ရဲ့ပလတ်စတစ်အလဟဿဖြစ်မှုကို တစ်နှစ်ကို တန်ချိန် ၃၈၀ နီးပါးလျော့ချဖို့ ကူညီပေးမယ်လို့ Nestle ကခန့်မှန်းထားပါတယ်။ အခုလိုထုတ်ပိုးမှုက Kit Kat Japanရဲ့ ပထမခြေလှမ်းဖြစ်ပေမဲ့လည်း ပလတ်စတစ်သုံးစွဲမှုကို လျော့ချပေးသလို စားသုံးသူတွေအတွက် အပျင်းပြေစေမယ့်အရာတစ်ခုပါပဲ။

Nestle က ကမ္ဘာအကြီးဆုံးအစားအစာကုမ္ပဏီဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ဖိအားပေးမှုတွေကို ရင်ဆိုင်ခဲ့ရအပြီးမှာ ၂၀၂၅ မတိုင်ခင်ထိ ၁၀၀ ရာခိုင်နှုန်း ပြန်လည်အသုံးပြုလို့ရတဲ့ထုတ်ပိုးမှုတွေလုပ်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

Ref: Boredpanda “People Are Praising KitKat Japan For Their New Paper Packaging That Doubles As Origami Paper”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top