လုံခြုံရေးစိုးရိမ်ရလို့ လူစားထိုးလှုပ်ရှားဖို့ ကမ်းလှမ်းခဲ့ ပေမဲ့ ပယ်ချခဲ့တယ်လို့ ရုရှားသမ္မတ ပြော

intl02.jpg

လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်ရလို့ သူနဲ့ရုပ်ချင်းတူသူတစ်ယောက်ကို အစားထိုး လှုပ်ရှားခိုင်းဖို့ ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမဲ့ အဲဒီအကြံအစည်ကို ပယ်ချခဲ့ တယ် လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ရုရှားနိုင်ငံနဲ့ ချေချင်းဒေသ ခွဲထွက်ရေးလက်နက်ကိုင်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်းမှာ လူစားထိုးမယ့် အစီအစဉ်ကို သူ့ဆီ တင်ပြခဲ့တာလို့ ပူတင်က ပြောပါတယ်။ အသက် ၆၇ နှစ်ရှိတဲ့ ရုရှားထောက်လှမ်းရေးအေးဂျင့်ဟောင်း ပူတင်ဟာ ပဋိပက္ခဖြစ်ပွားနေချိန်အတွင်း ချေချင်းဒေသကို အကြိမ်ကြိမ် သွားရောက်ခဲ့ပါတယ်။

ပူတင်က လုံခြုံရေးအတွက် စိုးရိမ်ရလို့ ခရီးစဉ်တွေမှာ သူနဲ့ရုပ်ချင်းတူတဲ့သူကို အစားထိုးထားတယ်ဆိုတဲ့ သုံးသပ်မှုတွေရှိခဲ့ပါတယ်။ အင်တာနက်မှာ ပူတင် ရဲ့နာမည်ကို ရှာဖွေတဲ့အခါ “လူစားထိုးထားတဲ့ ပူတင်’’၊ “ပူတင်ရဲ့ လူစားထိုးမှု သက်သေအထောက်အထား’’စတဲ့ အကြောင်းအရာတွေက ရှာဖွေမှု အများဆုံး ဖြစ်ခဲ့ပါတယ်။ ရုရှားဂျာနယ်လစ် ဗန်ဒင်ကိုက ပူတင်ကို “ပူတင် အစစ်လား’’လို့ မေးမြန်းရာမှာ ပူတင်က အစစ်ပါလို့ ပြန်ဖြေခဲ့ပြီး လူစားထိုးမယ့် အကြံ အစည်တွေကို ပယ်ချခဲ့တဲ့အကြောင်း ထုတ်ပြောခဲ့တာဖြစ်ပါတယ်။ ရုရှားသမ္မတအဖြစ် စတုတ္ထသက်တမ်း တာဝန်ထမ်းဆောင်နေတဲ့ ပူတင်ဟာ ၂၀၂၄ ခုနှစ်မှာ သမ္မတရာထူးကနေ နုတ်ထွက်မှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top