တရုတ်နိုင်ငံရဲ့ရုပ်ရည်ကြည့်အကောင်းဆုံးကိုရင် သက်တော်၂၁ နှစ်မှာ ယာဉ်မတော်တဆမှုကြောင့် ပျံလွန်တော်မူ

13.8.2024-yyl-1.jpg

တရုတ်နိုင်ငံရဲ့ရှောင်လင်ကျောင်းက ကိုရင်တစ်ပါးဖြစ်တဲ့ ကျူဖုန်းဟာ ပြီးခဲ့တဲ့ ၇ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့် ပျံလွန်တော်မူသွားခဲ့ပါတယ်။ သူ့ကို တရုတ်နိုင်ငံရဲ့ရုပ်ရည်ကြည့်အကောင်းဆုံးဘုန်းကြီးအဖြစ် လူသိများပြီး သက်တော်၂၁ နှစ်ပဲရှိပါသေးတယ်။

ကျူဖုန်းက အွန်လိုင်းအက်ပ်ကနေ ဘိုကင်တင်ခဲ့တဲ့ သီးသန့်အငှားယာဉ်မှာ တစ်ဦးတည်းသောခရီးသည်ဖြစ်ခဲ့ပြီး Zhejiang Zhuyong အဝေးပြေးလမ်းမကြီးပေါ်မှာ ထရပ်ကားတစ်စီးနဲ့ သူ စီးနှင်ခဲ့တဲ့အငှားယာဉ်တို့ တိုက်မိခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီမတော်တဆမှုက မနက် ၁ နာရီဝန်းကျင်လောက်မှာ ဖြစ်ပွားခဲ့ပြီး အငှားယာဉ်မောင်းသမားကအခင်းဖြစ်ရာနေရာမှာ သေဆုံးသွားခဲ့ပါတယ်။ ကျူဖုန်းကို ဆေးရုံပို့ဆောင်ခဲ့ပေမဲ့ ဩဂုတ်လ ၈ ရက်နေ့ ညမှာ ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူသွားခဲ့ပါတယ်။ ပရဟိတဖျော်ဖြေပွဲတစ်ခုမှာ ပါဝင်ဖို့ Zhejiang ကို သွားရင် အခုလိုယာဉ်မတော်တဆမှုဖြစ်ခဲ့တာလို့ ဘုန်းကျောင်းက ကိုရင်တစ်ပါးက ပြောပါတယ်။

ကျူဖုန်ရဲ့ရုပ်ခန္ဓာကို သူ့ရဲ့မွေးရပ်မြေသို့ ပို့ဆောင်ခဲ့တာပါ။ သူ့ရဲ့ကိုရင်ဘွဲ့အမည်က ရန်ဟုန်ဖြစ်ပြီး သူ့ရဲ့ကွန်ဖူးကျွမ်းကျင်မှု၊ ရုပ်ရည်ကြည့်ကောင်းမှုတွေကြောင့် လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားလာခဲ့တာပါ။ သူဟာ အသက် ၁၂ နှစ်မှာ ရှောင်လင်ဘုန်းကျောင်းသို့ ဝင်ရောက်ခဲ့တာပါ။ အခုနှစ်အစောပိုင်းမှာ Fu Hai Zan လို့အမည်ရတဲ့ သိုင်းဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီး ဒီဇာတ်လမ်းတွဲက နောက် ၂ နှစ်အတွင်း ထွက်ရှိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref: China’s “Most Handsome Monk” Dies In Car Accident At 21

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top