ဟိမဝန္တာနယ်စပ်တိုက်ပွဲအပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေ ကန့်ကွက်ဆန္ဒပြ

18-6-2020-yyl-007.jpg

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်ဒေသမှာ အနည်းဆုံး အိန္ဒိယစစ်သည် ၂၀ သေဆုံးခဲ့တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ အိန္ဒိယနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေက အပြန်အလှန် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ တရုတ်တပ်ဖွဲ့က အိန္ဒိယနိုင်ငံပိုင်နက်ထဲမှာ အဆောက်အအုံတစ်ခု စိုက်ထူဖို့ ကြိုးပမ်းခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက ပြောပါတယ်။ ဒါပေမဲ့ အိန္ဒိယစစ်သည်တွေဘက်က စတင်တိုက်ခိုက်ခဲ့တာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တုံ့ပြန်ထားပါတယ်။

ဒီဖြစ်ရပ်ဟာ အနည်းဆုံး ၄၅ နှစ်တာအတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နယ်စပ်မှာပထမဆုံးအကြိမ် လူသေဆုံးခဲ့တဲ့ တိုက်ပွဲဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဖုန်းခေါ်ဆိုမှုမှာ အခြေအနေ တင်းမာမလာအောင် ဖြေလျှော့သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ လက်တကမ်းတိုက်ပွဲမှာ နှစ်နိုင်ငံ စစ်သည်တွေက တုတ်တွေနဲ့ ရိုက်နှက်ခဲ့ကြပြီး သေနတ်တစ်ချက်မျှ မပစ်ဖောက်ခဲ့ဘူးလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်သည်အချို့ မြစ်ထဲပြုတ်ကျတာ၊ မြစ်ထဲခုန်ချတာမျိုးရှိခဲ့လို့ အိန္ဒိယစစ်သည်အချို့လည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ တရုတ်နိုင်ငံက စစ်သည် ဘယ်လောက် သေဆုံးခဲ့လဲဆိုတာ ထုတ်ပြန်ခဲ့ခြင်းမရှိပေမဲ့ အိန္ဒိယမီဒီယာတွေရဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ တရုတ်စစ်သည် အနည်းဆုံး ၄၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top