လူမှုကွန်ရက်မှာ လူပြောများနေတဲ့ ခွေးတောင်

copy.jpg

တရုတ်နိုင်ငံမှ တောင်တစ်လုံးဟာ ခွေးပေါက်လေးတစ်ကောင်နဲ့ အလွန်တူတာကြောင့် ” ခွေးတောင်” ဆိုပြီး လူမှုကွန်ရက်မှာ လူသိများနေပါတယ်။ ရှန်ဟိုင်းမြို့မှာ နေထိုင်တဲ့ ဒီဇိုင်းနာ ကွေ့ချင်းရှန်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ဟူပေပြည်နယ်၊ ယီချန်းမြို့ကို တောင်တက်ခရီးသွားတုန်း ဓာတ်ပုံတွေ ရိုက်ခဲ့တာပါ။

အိမ်ပြန်ရောက်ပြီး ဓာတ်ပုံတွေ ကြည့်လိုက်ချိန်မှာတော့ ခွေးပေါက်လေးတစ်ကောင် အိပ်နေသလို ဖြစ်နေတဲ့ တောင်တစ်လုံးပုံ ပါနေမှန်း သိလိုက်ရတာပါ။

” ဒီပုံကို တွေ့တဲ့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်မိတယ်။ ခွေးပေါက်လေးက ရေသောက်နေသလိုလို၊ ငါးရှာနေသလိုလို ပုံစံမျိုးပါ။ ယန်ဇီမြစ်ကြီးကို ကာကွယ်ပေးနေသလို ပုံမျိုး”လို့ ကွေ့ချင်းရှန်က ဆိုပါတယ်။

ကွေ့ချင်းရှန်က လူမှုကွန်ရက်ပေါ် တင်ခဲ့ပြီးနောက်မှာတော့ ဒီတောင်က ခွေးတစ်ကောင်နဲ့ တူတယ်လို့ ပြောသူတွေရှိသလို တချို့ကလည်း မတူဘူးလို့ ငြင်းကြတာကြောင့် လူပြောများနေတာပါ။

Ref: China’s ‘Puppy Mountain’ Looks Uncannily Like A Dog. See It For Yourself!

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply