ဘရာဇီးနိုင်ငံမှာ COVID-19 လူနာ ၉၀၀,၀၀၀ နီးပါးရှိလာ

16-6-2020-yyl-001.jpg

ပြီးခဲ့တဲ့တနင်္လာနေ့က ဘရာဇီးနိုင်ငံမှာ COVID-19 လူနာသစ် ၂၀၆၄၇ ယောက် ထပ်မံတွေ့ရှိခဲ့ပြီးနောက် စုစုပေါင်းလူနာ ၉၀၀ု,၀၀၀ နီးပါး ဖြစ်လာခဲ့တယ်လို့ ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံမှာ အနည်းဆုံး သေဆုံးသူ ၆၂၇ ယောက် ရှိခဲ့လို့ စုစုပေါင်း သေဆုံးသူ ၄၃၉၅၉ ယောက်အထိ ရှိလာခဲ့ပါပြီ။

ပြီးခဲ့တဲ့တနင်္လာနေ့ဟာ ဘရာဇီးနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သူမရှိတဲ့ တစ်လပြည့်အထိမ်းအမှတ် ဖြစ်ပါတယ်။ မေလ ၁၅ ရက်မှာ နယ်လ်ဆင်တိုက်ချ် နုတ်ထွက်သွားပြီးနောက်ပိုင်း ယာယီတာဝန်ပေးအပ်ခံရတဲ့ စစ်ဗိုလ်ချုပ်ကြီး ပါဇွဲလိုက ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကို ဦးဆောင်နေပါတယ်။ ဘရာဇီးနိုင်ငံဟာ အမေရိကန်နိုင်ငံပြီးရင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ဒဏ်ကို ဒုတိယအဆိုးရွားဆုံး ခံစားနေရတဲ့ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top