၁၈ ကီလို ဝိတ်တင်ပြီး ဖခင်ရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ရိုးတွင်းခြင်ဆီ လှူဒါန်းပေးခဲ့သူ

image-5.png

ဒီအဖြစ်အပျက်ကတော့ ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။ တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ကျန်းစုပြည်နယ်၊ ဆုကျိုးမြို့မှာ နေထိုင်တဲ့ ချောင်လေဟာ သွေးကင်ဆာရောဂါ ခံစားခဲ့ရပြီး ၂၀၁၉ ခုနှစ်မှာတော့ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ သူ့ကို ကုသနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ ရိုးတွင်းခြင်ဆီ အစားထိုး ကုသဖို့ဖြစ်ပြီး သားဖြစ်သူ ချောင်ယင်ပင်းက ရိုးတွင်းခြင်ဆီ လှူဒါန်းပေးဖို့ ကိုက်ညီပါတယ်။

ဒါပေမဲ့ ရိုးတွင်းခြင်ဆီ လှူဒါန်းမယ့်သူဟာ အနည်းဆုံး ခန္ဓာကိုယ်အလေးချိန် ၄၅ ကီလိုဂရမ်နဲ့အထက် ရှိဖို့ လိုအပ်တယ်လို့ သတ်မှတ်ထားပြီး ချောင်ယင်ပင်းက ခန္ဓာကိုယ်အလေးချိန် ၃၀ ကီလိုဂရမ်ပဲ ရှိပါတယ်။ အဲဒီအတွက် ချောင်ယင်ပင်းဟာ ဝိတ်တင်နိုင်ဖို့ ကြိုးပမ်းခဲ့ပြီး တနေ့ကို ထမင်း ၅ နပ်အထိ စားခဲ့ပါတယ်။

သူဟာ ထမင်းနဲ့ အဆီများတဲ့ အစားအစာတွေကို များများစားခဲ့ပါတယ်။ “ဗိုက်အောင့်နေရင်တောင် ကျွန်တော် ဆက်စားမှာပါပဲ။ အဖေ့ကို ဆုံးရှုံးရမှာကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ၊ သူ့အဖေရဲ့ မွေးနေ့ဝန်းကျင်လောက်မှာတော့ ချောင်ယင်ပင်းရဲ့ခန္ဓာကိုယ်အလေးချိန် ၁၈ ကီလိုဂရမ်ထိ တိုးလာပြီး သူ့ဖခင်အတွက် ရိုးတွင်းခြင်ဆီ လှူဒါန်းခွင့် ရခဲ့ပါတယ်။

ဖခင်ရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့တဲ့ ချောင်ယင်ပင်းကို မိသားစုနဲ့ မိတ်ဆွေအသိုင်းအဝိုင်းက သူရဲကောင်းလေးလို့ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြပြီး (သူ့လုပ်ရပ်ကို လေးစားတဲ့) သူစိမ်းတွေကပါ သူတို့သားအဖကို ဆေးရုံမှာ လာရောက်အားပေးခဲ့ကြပါတယ်။

Ref: Chinese boy, 11, gives father life-saving bone marrow after gaining 18kg to be a donor

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top