လကမ္ဘာခရီးစဉ်အတွက် ကြင်ယာဖက်ရှာဖွေတဲ့ အစီအစဉ်ကို ဂျပန်ဘီလျံနာ ဖျက်သိမ်း

jb01.jpg

Space X ရဲ့ အာကာသယာဉ်နဲ့အတူ လကမ္ဘာပေါ် ခရီးသွားဖို့ စီစဉ်ထားတဲ့ ဂျပန်ဘီလျံနာက ကြင်ယာဖက်ရှာဖွေနေတဲ့ အစီအစဉ်ကို ဖျက်သိမ်း လိုက် ပါတယ်။ အသက်(၂၀)နဲ့အထက်ရှိပြီး အိမ်ထောင်ရေးကင်းရှင်းတဲ့ အမျိုးသမီးတွေအနေနဲ့ သူ့ရဲ့ကြင်ယာဖက်အဖြစ် လကမ္ဘာပေါ်ကို လိုက်ချင်ရင် ပါဝင် လျှောက်ထားကြဖို့ ဖက်ရှင်လုပ်ငန်း ဘီလျံနာ မဲဇာဝါက ပြောပါတယ်။

မဲဇာဝါရဲ့ ကြင်ယာဖက်ဖြစ်ခွင့်ရဖို့ လျှောက်ထားသူ ၂၈၀၀၀ လောက်ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာတော့ စိတ်နှစ်ခွဖြစ်လာလို့ အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ မဲဇာဝါက ဆိုပါတယ်။ ဒါပေမဲ့ အသက် ၄၄ နှစ်အရွယ်ရှိတဲ့ မဲဇာဝါဟာ ၂၀၂၃ ခုနှစ်ကျရင် ကြင်ယာဖက်မပါဘဲ အာကာသထဲ သွား ရောက်ဖို့ စီစဉ်ထားဆဲပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top