အသက် ၁၂ နှစ်အရွယ်မှာ ဖခင်နဲ့အတူ ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ခဲ့တဲ့ အမျိုးသားက သတ္တုတွင်းအင်ဂျင်နီယာပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ရရှိခဲ့

men.png

ငယ်စဉ်က ဖခင်နဲ့အတူ ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ခဲ့တဲ့တရုတ်အမျိုးသားတစ်ဦးဟာ သတ္ထုတွင်းအင်ဂျင်နီယာပညာရပ်ဆိုင်ရာပါရဂူဘွဲ့ကို ရရှိခဲ့ပြီး လူမှုကွန်ယက်အသုံးပြုသူတွေကို စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့ပါတယ်။

လူမှုကွန်ယက်ပေါ်မှာ “ကျောက်မီးသွေးတူးဖော်သူ နံပါတ် ၃” (Coal Miner No.3) လို့ သိကြတဲ့ အသက် ၃၀ နှစ်အရွယ် အဲ့ဒီအမျိုးသားက ပါရဂူဘွဲ့စာတမ်းအကြောင်း လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့တာပါ။ ဆင်းရဲတဲ့ သူ့ငယ်ဘဝအကြောင်းနဲ့ ကိုယ်ခံပညာသင်ယူခဲ့ရတဲ့အကြောင်းကိုလည်း ပြန်ပြောပြခဲ့ပါတယ်။

သူ အသက် ၁၂ နှစ်အရွယ်မှာ သူ့အမေက အိမ်မှုကိစ္စတွေလုပ်နေတဲ့အချိန် သူက သူ့အဖေနဲ့အတူ ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ခဲ့ပါတယ်။ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ဖို့အတွက် စာကြိုးစားခဲ့ပြီး ကျောင်းတက်နေစဉ်အတွင်း ဆောက်လုပ်ရေးအလုပ်သမား၊ စားပွဲထိုး၊ ထမင်းချက်နဲ့ ကျောက်မီးသွေးတူးဖော်သူအဖြစ် အချိန်ပိုင်းအလုပ်လုပ်ခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်မှာ တရုတ်နိုင်ငံရဲ့ အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲဖြစ်တဲ့ gaokao ကို ဒုတိယအကြိမ်ကြိုးစားပြီးနောက် ဘူမိဗေဒဘာသာရပ်ကို လေ့လာဖို့ အသက်မွေးဝမ်းကျောင်းကောလိပ်တစ်ခုကို တက်ရောက်ခဲ့ပါတယ်။ ဘွဲ့လွန်ပညာသင်ကြားနေစဉ်အတွင်း သူက တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှန်ရှီပြည်နယ်က Tashan Coal Mine မှာ သတ္ထုတွင်းအင်ဂျင်နီယာပရောဂျက်တစ်ခုမှာ ၁နှစ်ကျော်ကြာ လုပ်ခဲ့ပါတယ်။

နောက်တော့ ပါရဂူကျောင်းသားတစ်ယောက်အနေနဲ့ ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကွင်းဆင်းလေ့လာမှုကို နောက်ထပ်တစ်နှစ်ကြာအောင် လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ဆင်းရဲမွဲတေမှုသက်သာချောင်ချိရေးအစီအစဉ်တွေနဲ့ သူ့ရဲ့ပညာရပ်ဆိုင်ရာလမ်းညွှန်ပေးသူတွေက သူ့ရဲ့သုတေသနပြုချက်တွေကို လမ်းကြောင်းမှန်ပေါ်အရောက်လှမ်းနိုင်ဖို့ ကူညီပေးခဲ့တယ်လို့ ဆိုထားပါတယ်။

သူ့ရဲ့ပါရဂူသုတေသနာပြုချက်က မြေအောက်ဉမင်လိုဏ်ခေါင်းတွေ ဆောက်လုပ်တာ၊ ရေပရောဂျက်တွေနဲ့ လျှပ်စစ်ဓာတ်အားအင်ဂျင်နီယာလုပ်ငန်းတွေမှာ အသုံးပြုတဲ့ Tunnel Boring Machines တွေကိုအပေါ် အဓိကထားလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့လက သူဟာ Beijing University of Technology ကနေ ပါရဂူဘွဲ့ကို ရရှိခဲ့ပြီး သူ့ရဲ့ဘဝဒဿန “လူ၏နှလုံးသားသည် သံကဲ့သို့ မြဲမြံနေ၏” နဲ့ သူ့ရဲ့စာတမ်းကို နိဂုံးချုပ်ထားပါတယ်။ သူက သူ့ငွေကြေးအခက်ခဲဖြစ်နေစဉ်အတွင်း သူ့ကို ပံ့ပို့ပေးခဲ့တဲ့ သူ့အခန်းဖော် ကျောင်ယန်ကို ကျေးဇူးတင်ထားပါတယ်။ အသက် ၂၇ နှစ်အရွယ်မှာ သူ့ချစ်သူကောင်မလေးနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက်ရော၊ ပံ့ပိုးအားပေးခဲ့တဲ့ သူ့ချစ်သူကောင်မလေးရဲ့မိဘတွေကိုပါ ကျေးဇူးတင်ခဲ့ပါတယ်။

နှိမ့်ချစွာနေတတ်တဲ့ သူ့မိဘတွေကို ဂုဏ်ယူမိကြောင်း၊ သူ့အဖေရဲ့ရဲစွမ်းသတ္တိနဲ့ သူ့အမေရဲ့ခွန်အား၊ အကြင်နာတရားတွေကိုလည်း ချီးကျူးပြောဆိုထားပါတယ်။ Coal Miner No 3 က သူ့ရဲ့နာမည်ကို ထုတ်ပြောထားခြင်းမရှိပေမဲ့ သူ့ရဲ့အတွေ့အကြုံက အခြားကျောင်းသား/သူတွေကို စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ မျှော်လင့်နေပါတယ်။

Ref: Chinese man works at coalface with father aged 12, goes on to earn mining engineering PhD

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top