အာရုံကြောစနစ် မထိခိုက်ခင် ပါကင်ဆန်ရောဂါကို ရှာဖွေစစ်ဆေးနိုင်မယ့် နည်းလမ်းသစ် တွေ့ရှိ

1.9.23-yyl-4.jpg

အမေရိကန်သိပ္ပံပညာရှင်တွေဟာ ပါကင်ဆန်ရောဂါနဲ့ ဆက်နွှယ်နေတဲ့ သွေးတွင်း ဆဲလ်စွမ်းအင် ထုတ်လုပ်ပေးတဲ့ mitochondrial DNAထိခိုက်မှုကို အဓိကဖော်ထုတ်တဲ့ စစ်ဆေးမှုတစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိပါတယ်။

ပါကင်ဆန်ရောဂါ ရှိ၊ မရှိ စစ်ဆေးတဲ့ လက်ရှိနည်းလမ်းအရ ရောဂါလက္ခဏာကိုသာ အဓိကထား ရှာဖွေတာဖြစ်ပြီး အာရုံကြော ထိခိုက်မှုတွေ ဖြစ်ပြီးမှသာ ရောဂါ ရှိ၊ မရှိ သိရတာပါ။ စစ်ဆေးမှုနည်းလမ်းသစ်အရ ပါကင်ဆန်ရောဂါကို လက်ဦးမှုယူနိုင်မယ်လို့ သုတေသီတွေက မျှော်လင့်နေကြပါတယ်။

ပါကင်ဆန်ရောဂါဟာ အယ်ဇိုင်းမားရောဂါပြီးရင် ကမ္ဘာပေါ်မှာ အများဆုံးတွေ့ရလေ့ရှိတဲ့ အာရုံကြောရောဂါတစ်ခုပါ။ အာရုံကြောစနစ်နဲ့ အာရုံကြောတွေရဲ့ ထိန်းချုပ်မှုအောက်က ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒုခ်တက္ကသိုလ် ဆေးကျောင်းမှ အာရုံကြောသိပ္ပံပညာရှင်တွေ ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ဆဲလ်စွမ်းအင် ထုတ်လုပ်ပေးတဲ့ mitochondrial DNA ထိခိုက်မှုနဲ့ ပါကင်ဆန်ရောဂါကြား ဆက်နွှယ်ချက်ကို အဓိကထား လေ့လာနေကြတာပါ။

ပါကင်ဆန် ရောဂါသည်တွေ ကွယ်လွန်သွားတဲ့အခါ သူတို့ရဲ့ဦးနှောက် တစ်သျှူးထဲမှာ mitochondrial DNA ထိခိုက်မှု အများအပြား တွေ့ရတတ်တယ်လို့ ဒုခ်တက္ကသိုလ်မှ သုတေသီတွေက ယခင်ကတည်းက အစီရင်ခံတင်ပြခဲ့ဖူးပါတယ်။

” ရိုးရှင်းလွယ်ကူတဲ့ သွေးစစ်မှုလုပ်ပြီး ပါကင်ဆန်ရောဂါကို စောစောရှာဖွေ၊ စောစောကုသနိုင်တော့မှာပါ” လို့ ဒုခ်တက္ကသိုလ်ရဲ့ အာရုံကြော သိပ္ပံပညာရှင် ဒေါက်တာလောရီဆန်းဒါးက ဆိုပါတယ်။

Ref: New Blood Test Could Diagnose Parkinson’s Before it Begins Damaging the Nervous System

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top