အသံထက် ပိုမြန်တဲ့အရှိန်နဲ့ ကောင်းကင်ဒိုင်ဗင် ထိုးခဲ့သူ

11.8.23-yyl-4.jpg

သြစတြီးယားနိုင်ငံသား ဖီးလစ်ဘွမ်ဂတ်နာဟာ ကောင်းကင်ဒိုင်ဗင်သမားတွေထဲမှာတော့ ဆရာတစ်ဆူပါပဲ။ သူဟာ အသံထက် ပိုမြန်တဲ့အရှိန်နဲ့ ကောင်းကင်ဒိုင်ဗင် ထိုးပြနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးလည်း ဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ်ရှိတဲ့ ဖီးလစ်ဘွမ်ဂတ်နာဟာ ၂၀၁၂ ခုနှစ်က အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်ရဲ့ ကောင်းကင်ထက် အမြင့်ပေ ၁၂၈၁၀၀ မှာ ပျံဝဲနေတဲ့ ဘောလုံးပေါ်ကနေ ကောင်းကင်ဒိုင်ဗင် ထိုးခဲ့တာပါ။ သူ့ရဲ့ အမြင့်ဆုံးအရှိန်က တစ်နာရီ ၈၃၃.၉ မိုင်နှုန်းအထိ ရှိခဲ့ပြီး အသံရဲ့အမြန်နှုန်းထက် ပိုမြန်ခဲ့ပါတယ်။

ကမ္ဘာမြေပြင်အထက် ၂၄ မိုင်(အမြင့်ပေ ၁၂၈၁၀၀ )ကနေ ခုန်ချခဲ့တဲ့ ဖီးလစ်ဘွမ်ဂတ်နာရဲ့ ကောင်းကင်ဒိုင်ဗင်ထိုးမှုဟာ အမြင့်ဆုံးနေရာကနေ အလွတ်ခုန်တဲ့ စံချိန်ကိုလည်း ချိုးနိုင်ခဲ့ပါတယ်။

Ref: Skydiver Felix Baumgartner breaks sound barrier

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top