စိတ်တွက်နည်းနဲ့ အလျင်မြန်ဆုံးဂဏန်းပေါင်းပြနိုင်ခဲ့လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တဲ့ ၈ တန်းကျောင်းသား

4.4.24-yyl-9.jpg

နာရှစ်ခ်မြို့၊ Delhi Public School က ၈ တန်းကျောင်းသားလေး အာရန် ရှုခလာဟာ five-digit numbers အလုံး၅၀ ကို စိတ်နဲ့ အမြန်ဆုံးပေါင်းပြနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်နေ့က မီလန်ရှိ Lo Show Dei Record အီတလီတီဗီရှိုးမှာ ၂၅.၁၉ စက္ကန့်အတွင်း စိတ်နဲ့ ပေါင်းပြပြီး စံချိန်တင်ခဲ့တာဖြစ်တယ်လို့ အာရန်ရဲ့ ကျောင်းရဲ့အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။

အာရန်က Global Mental Calculators Association (GMCA) ရဲ့တည်ထောင်သူဘုတ်အဖွဲ့ဝင်တွေထဲမှာ ပါဝင်ပါတယ်။ အာရန်က အသက် ၆ နှစ်ကတည်းက စိတ်နဲ့ သင်္ချာတွက်ချက်နည်းကို လေ့ကျင့်ခဲ့ပြီး အသက် ၁၂ နှစ်မှာတော့ ဂျာမနီနိုင်ငံမှာ Mental Calculation World Cup ဆုကို ရရှိခဲ့ပါတယ်။ အရင်ကလည်း နိုင်ငံတကာဆုတံဆိပ်များစွာ ရရှိခဲ့ဖူးပြီး ကမ္ဘာ့စံချိန်မျိုးစုံကိုလည်း ချိုးနိုင်ခဲ့ပါတယ်။

Ref: Class 8 Student From Nashik Sets Guinness World Record For Fastest Mental Addition

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top