ထိုင်ဝမ်မှာ ၂၅ နှစ်အတွင်း အဆိုးရွားဆုံး ငလျင်လှုပ်ခတ်မှု ကြုံတွေ့

4.4.24-yyl-6.jpg

ထိုင်ဝမ်မှာ ၂၅ နှစ်အတွင်း အဆိုးရွားဆုံး ငလျင်လှုပ်ခတ်မှု ကြုံတွေ့ခဲ့ပြီး အပျက်အစီးတွေကြားမှာ လူ ၉၀ ကျော် ပိတ်မိနေတယ်လို့ ယူဆထားပါတယ်။ ဧပြီလ ၃ ရက်၊ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၈ မိနစ်က အရှေ့ဘက်ကမ်းရိုးတန်း၊ ဟွာလျံမြို့တောင်ဘက် ၁၁ မိုင်အကွာမှာ ပြင်းအား ၇.၄ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာပါ။

ငလျင်လှုပ်ခတ်မှုကြောင့် ဥမင်လိုဏ်ခေါင်းတွေ၊ လမ်းပြိုကျမှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၉ ဦး သေဆုံးကာ လူ ၁၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဟွာလျံမြို့ လမ်းတစ်လျှောက်မှာရှိတဲ့ ကျင်းဝမ်နဲ့ ချင်းရွှေဥမင်လိုဏ်ခေါင်းတွေမှာ ပိတ်မိနေသူ ၇၇ ယောက်ကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။

ဟွာလျံမြို့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကျဉ်းမြောင်း၊ ကွေ့ကောက်တဲ့ လမ်းအများအပြားရှိပါတယ်။ ပစိဖိတ်သမုဒ္ဒရာကို မျက်နှာမူထားတဲ့ တောင်တန်းတစ်လျှောက် ဖောက်လုပ်ထားတဲ့ ဒီလမ်းကြောင်းဟာ လှပတဲ့ရှုခင်းတွေကြောင့် ခရီးသည်တွေကြား ရေပန်းစားပါတယ်။

ပိတ်မိနေသူတွေဟာ အပြင်ဘက်က လူတွေနဲ့ အဆက်အသွယ် လုပ်နိုင်ခြင်း ရှိ၊ မရှိ၊ အစားအသောက်နဲ့ ရေ ရ၊ မရဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Ref:Taiwan wakes up to aftermath of worst earthquake in 25 years

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top