ဒီတစ်ပတ်မှာ Clean Yangon အဖွဲ့သားတွေအနေနဲ့ ဘယ်နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့လည်းဆိုတာကို မျှဝေပေးချင်ပါတယ်။
လိမ္မော်ရောင်သူရဲကောင်းများ၊ လမ်းမပေါ်ရှိမိသားစုများနဲ့ အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ဒါ့ပြင် Eco Brick နဲ့ဆောက်လုပ်မယ့် စာကြည့်တိုက်ကိုလည်း စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
Clean Yangon အနေနဲ့ အပတ်စဉ်သောကြာနေ့တိုင်း ရန်ကုန်ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံကြီး (မြောက်ဥက္ကလာပမြို့နယ်) က ကျန်းမာရေးဝန်ထမ်းတွေကို ထမင်းဗူးလှူဒါန်းတာမျိုးတွေလည်း ပြုလုပ်ခဲ့ပါတယ်။

လှည်းကူးမြို့နယ်၊ မေတ္တာမွန်ပရဟိတကျောင်းကို စားနပ်ရိက္ခာတွေဖြစ်တဲ့ အာလူး၊ ကြက်သွန်ဖြူ/နီများကို ဒီဇင်ဘာ (၁၀) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နေတဲ့ သုံးခွမြို့ကဓမ္မစမ်းရေ လူမှုကူညီရေးအသင်းကို Level (2) PPE အစုံ (၁၀၀) နဲ့ Surgical Mask များကို ဒီဇင်ဘာ (၁၀) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

Clean Yangon အဖွဲ့သားတွေအနေနဲ့ ဒီဇင်ဘာ (၉) ရက်နေ့က လုပ်အားဒါန ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်း (၂၀၀) စာအတွက် အာဟာရဒါနအဖြစ် ညနေစာထမင်းဗူး (၂၀၀) ကို ဒီဇင်ဘာ (၉) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

Eco Brick နဲ့ဆောက်လုပ်မယ့် စာကြည့်တိုက်အတွက် မြေသန့်မင်္ဂလာဆောင်ရွက်ခြင်း၊ ပရိတ်ရွတ်ခြင်း နဲ့ ပန္နက်ရိုက်ခြင်းကို ဒီဇင်ဘာ (၈) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

Clean Yangon အဖွဲ့သားတွေအနေနဲ့ ဒီဇင်ဘာ (၇) ရက်နေ့က လုပ်အားဒါန ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ သန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်ပေးနေတဲ့ လိမ္မော်ရောင်သူရဲကောင်းများ၊ လမ်းမပေါ်ရှိမိသားစုများနဲ့ စုစုပေါင်း အိမ်ထောင်စု (၁၀၀) အတွက် ဆန် (၁) ပြည်အပါအဝင် အခြေခံစားသောက်ကုန်တွေကို ဒီဇင်ဘာ (၄) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
Photos- Clean Yangon
Cherry(ရိုးရာလေး)