“Parasite” ဇာတ်ကား အော်စကာဆုတွေ ဆွတ်ခူးခဲ့တဲ့အတွက် YouTube ချန်နယ်က ကိုရီးယားဇာတ်ကားတွေကို အခမဲ့ကြည့်ခွင့်ပေး

yyl-010-5.jpg

ကိုရီးယားရုပ်ရှင်ကား ‘Parasite” ဟာဆိုရင် နိုင်ငံတကာရုပ်ရှင်လောကကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး အော်စကာဆုပေးပွဲမှာ အဓိကဆုကြီး (၄) ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုလို အောင်မြင်မှုရရှိခဲ့တဲ့အတွက် YouTube ချန်နယ်က ကိုရီးယားနိုင်ငံရဲ့ရုပ်ရှင်ကားတွေကို အခမဲ့ကြည့်ရှုခွင့်ပေးလိုက်ပါပြီ။

၉၂ ကြိမ်မြောက်အကယ်ဒမီဆုပေးပွဲ (အော်စကာ) မှာ အကောင်းဆုံးဇာတ်ကားဆုကို ရရှိခဲ့တဲ့ Parasite ရုပ်ရှင်ကားက တစ်ကမ္ဘာလုံးက လူတွေကို ကိုရီးယားဇာတ်ကားတွေကို စိတ်ဝင်စားလာပြီး စောင့်ကြည့်လာအောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ ကိုရီးယားရုပ်ရှင်ကားတွေကို ကြည့်ချင်ရင်တော့ The Korean Film Archiveရဲ့ YouTube ချန်နယ်တစ်ခုပဲ လိုအပ်ပါတယ်။

ဒီတရားဝင်ချန်နယ်လိုင်းက ကိုရီးယားရုပ်ရှင်ကားတွေအတွက် သီးသန့်ဖြစ်ပါတယ်။ ကိုရီးယားရုပ်ရှင်ကားတွေ ကြည့်ချင်တဲ့သူတွေက အဲဒီချန်နယ်မှာ ဝင်ရောက်ကြည့်ရှုရုံပါပဲ။ နာမည်ကြီးဇာတ်ကားတွေကို အသံပိုင်း၊ ရုပ်ပိုင်းတွေကို ပြန်လည်ပြင်ဆင်ထားတဲ့ ဗာရှင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ချန်နယ်မှာ ပြထားတာတွေက ၁၉၄ဝပြည့်နှစ်က ရုပ်ရှင်ကားတွေဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်အလယ်ပိုင်းနဲ့ ၁၉၇၀ အစောပိုင်းက Korea’s Golden Age of cinema က ဇာတ်ကားတွေပါဝင်ပါတယ်။ ကိုရီးယားလို နားမလည်ဘူးဆိုရင် စာတန်းထိုးနေရာကို နှိပ်ထားဖို့ မမေ့နဲ့နော်။

“Parasite” ဒါရိုက်တာဘုံဂျွန်ဟိုက ကိုရီးယားဇာတ်ကားကို အော်စကာဆုရရှိအောင် စွမ်းဆောင်ခဲ့ပြီး သမိုင်းစိုက်ထူခဲ့တာပါ။ ‘Parasite’ ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆုကို ရရှိခဲ့တဲ့အတွက် ဒီဆုကိုရရှိခဲ့တဲ့ ပထမဆုံးကိုရီးယားဇာတ်ကားဖြစ်လာခဲ့ပါတယ်။ ဘုံဂျွန်ဟိုက အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့သလို အကောင်းဆုံးနိုင်ငံတကာရုပ်ရှင်ဇာတ်ကားဆုနဲ့ အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆု တို့ကိုလည်း ရရှိခဲ့ပါတယ်။

၂၀၁၉ခုနှစ်မေလမှာ ရုံတင်ပြသခဲ့တဲ့ Parasite ဇာတ်ကားက ဒါရိုက်တာ ဘုံဂျွန်ဟိုရိုက်ကူးခဲ့တာဖြစ်ပြီး ဆောင်ကန်ဟို၊ လီဆန်းဂျွန်၊ ဂျိုယိုဂျောင်၊ ချွိုင်ဝူဆစ်နဲ့ ပတ်ဆိုဒန်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဆင်းရဲသားမိသားစုတစ်စုက လူချမ်းသာမိသားစုရဲ့ ဝန်ထမ်းတွေဖြစ်လာဖို့အတွက် နည်းမျိုးစုံနဲ့ လှည့်စားအမြတ်ထုတ်ဖို့ ကြိုးစားခဲ့ပြီး လူချမ်းသာမိသားစုရဲ့ ဝန်ထမ်းတွေဖြစ်လာတဲ့အချိန်မှာ တော့ မထင်မှတ်ထားတဲ့အရာတွေဖြစ်လာတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားက အော်စကာဆုတွေအပြင် အခြားနိုင်ငံတကာဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားပါတယ်။

YouTube Channel Link

Ref: YouTube Channel Lets You Watch Classic Korean Films For Free In Wake Of Parasite’s Oscars Success

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top