အတုယူဖို့ကောင်းတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့အကြင်နာတရားထားတတ်မှု

img10-1.jpg

မစ်ဆိုရီပြည်နယ်က ရဲအရာရှိက မိုးရွာထဲမှာ သက်ကြီးပိုင်အမျိုးသမီးကို ကူညီပေးခဲ့တဲ့ဆယ်ကျော်သက်ကောင်လေးကို လူမှုကွန်ယက်အကောင့်မှာ ရှာဖွေလို့နေပါတယ်။ အဲဒီရဲအရာရှိက Independence Police Department က ဂျို ဟိုလ်တ် (Joe Holt) ဆိုသူ အမျိုးသားဖြစ်ပြီး ဆယ်ကျော်သက်ကောင်လေးရဲ့အကြင်နာတရားကြောင့် သူ့ကို ဆုချချင်တဲ့အတွက် ရှာတွေ့ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဆယ်ကျော်သက်ကောင်လေးက သက်ကြီးပိုင်အမျိုးသမီးကို ဘယ်လိုကူညီပေးလိုက်တာကိုမြင်ပြီး ရဲအရာရှိကြီးရှာနေတာလည်းဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ အမျိုးသမီးတစ်ယောက်ကို ဆယ်ကျော်သက်ကောင်လေးကူညီပေးခဲ့တာကို ရဲအရာရှိကြီး မြင်ခဲ့ပုံက ဒီလိုပါ။

ဟိုလ်တ်က မိုးသည်းထန်စွာရွာနေတဲ့အချိန်မှာ သူ့ကားထဲမှာ ထိုင်နေခဲ့တာပါ။ သူဟာ ကားတစ်စီးရဲ့နောက်ခန်းကနေ ကောင်လေးတစ်ယောက်ဆင်းလာပြီး ကားပါကင်ဆီသွားဖို့လုပ်နေတဲ့ အဖြူရောင်အင်္ကျီဝတ်ဆင်ထားတဲ့ သက်ကြီးပိုင်အမျိုးသမီးတစ်ယောက်နားကပ်သွားတာကို မြင်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကောင်လေးက သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး အဲဒီအမျိုးသမီးကြီးကားပါကင်ရောက်တဲ့အထိ သူ့အင်္ကျီလေးနဲ့မိုးပေးခဲ့ပါတယ်။

“ဒီကောင်လေးက မိုးရွာနေချိန်မှာ သူ့ကားနောက်ခန်းကနေ ထွက်လာခဲ့တာပါ။ သူ့ကုတ်အင်္ကျီကိုချွတ်ပြီး သက်ကြီးပိုင်အမျိုးသမီးကြီးကို ကားပါကင်ဆီရောက်တဲ့အထိ မိုးပေးခဲ့တယ်။ အဲဒီနောက်မှာ သူဟာ သူ့ကားဆီ ပြန်လျှောက်လာခဲ့ပါတယ်။ ကားထဲမှာ ရှိနေတဲ့သူ့အမေကို ကားထဲက ထွက်တဲ့အချိန်ကော၊ ပြန်ဝင်တဲ့အချိန်မှာပါ စကားတစ်လုံးမှ မပြောခဲ့ဘူး” လို့ ဟိုလ်တ်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ ရေးသားခဲ့ပါတယ်။

အဲဒီနောက်မှာ သူဟာ သက်ကြီးပိုင်အမျိုးသမီးကြီးကို ကူညီခဲ့တာမြင်ခဲ့ကြောင်း ပြောဖို့အတွက် ကောင်းလေးရဲ့ကားနားကပ်လိုက်ခဲ့ပါတယ်။ “ကောင်လေးရဲ့မိခင်က ဘာဖြစ်နေလဲဆိုတာ သိပုံမရပါဘူး။ ကျွန်တော်က ရဲဝတ်စုံကြီး ဝတ်ထားတာကြောင့် သူ တစ်ခုခုအမှားလုပ်မိပြီးလို့ ထင်ခဲ့လို့ပါ။ ကောင်လေးရဲ့မိခင်က မျက်ရည်တွေကျလာတာနဲ့ ကျွန်တော်ပြောမဲ့စကားတောင် မပြောခဲ့ရပါဘူး” လို့ ဟိုလ်တ်က ပြောပါတယ်။

ဆယ်ကျော်သက်ကောင်လေးရဲ့ သက်ကြီးရွယ်အိုတွေအပေါ်ထားတတ်တဲ့အကြင်နာတရား၊ အပြုအမူတွေကို လေးစားမိရင်း ထမင်းဖိတ်ကျွေးချင်တာကြောင့် ဟိုလ်တ်က အဲဒီကောင်လေးနဲ့ ပြန်တွေ့ဖို့ မျှော်လင့်နေပါတယ်။ သူက လူမှုကွန်ယက်က ဆယ်ကျော်သက်ကလေးကို ပြန်တွေ့နိုင်ဖို့ ကူညီပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ “ဟေ့ ကောင်လေးရေ..မင်း ငါ့ကို လမ်းမှာ မြင်မယ်ဆိုရင် ဒီအမျိုးသားကြီးက မင်းကို ထမင်းဝယ်ကျွေးမယ်ဆိုတာ အမှတ်ရလိုက်ပါ။ မင်း တစ်ခုခုလိုအပ်ရင်လည်း မင်းဆီ ပြေးလာခဲ့ပါမယ်” လို့လည်း ဟိုလ်တ်က လူမှုကွန်ယက်အကောင့်မှာရေးသားထားပါတယ်။

Ref: ABC News “Missouri officer searching for teen after witnessing his incredible act of kindness”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top