အင်းယားကိုဗစ်စင်တာတည်ဆောက်မှုပြီးစီး ဒီနေ့မှာပဲ ဝန်ကြီးဌာနကို လွှဲပြောင်းပေးအပ်သွားမယ်

9-10-2020-yyl-011.jpg

ရန်ကုန် အောက်တိုဘာ ၉

အင်းယားလိတ်

အခုလိုပြီးစီးသွားပြီဖြစ်ပေမယ့် လူနာတွေရောက်လာရင် ဘယ်လိုပြစုစောင့်ရှောက်ကုသမလဲဆိုတာတွေကို စင်တာအတွင်းမှာ ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေ ပြုလုပ်ရဦးမှာဖြစ်တဲ့အတွက် လူနာလက်ခံဖို့က အချိန်အနည်းငယ် ယူရဦးမယ်လို့ ကိုဇော်ရဲနောင်က ဆိုပါတယ်။

”အချိန်တစ်ခုတော့ ယူရမယ်။ တစ်ရက်ဖြစ်ရင်လည်း ဖြစ်မယ်။ နှစ်ရက်လည်း ဖြစ်ရင်ဖြစ်မယ်။ ဝန်ကြီးဌာနရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်ပါတယ်။ ဦးတည်နေတာကတော့ လူနာတွေကို အမြန်ဆုံးလက်ခံနိုင်ဖို့အတွက် ဦးတည်နေပါတယ်”လို့ သူက ပြောပါတယ်။

အင်းယားလိတ်ကိုဗစ်စင်တာကို Yangon Convention Center(YCC)မှာ ခုတင်(၅၀၀)ဆံ့အဖြစ် တည်ဆောက် ခဲ့တာဖြစ်ပြီးတော့ အရေးပေါ်လူနာတွေကို ကုသဖို့အတွက် မူလက High-Dependency Unit(HDU) ခုတင် (၁၆)ခုတင်ပါဝင်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ အင်းယားစင်တာဦးစီးကော်မတီရဲ့ လမ်းညွှန်ချက်အရ လူနာတွေအနေနဲ့ အောက်ဆီဂျင်ပမာန ကျဆင်းလာရင် အောက်ဆီဂျင်ပိုမိုပံ့ပိုးကူညီမှုပေးဖို့အတွက် HDU ခုတင်(၁၆)ခုတင်အစား HDU ခုတင်(၁၀၀)အထိ တိုးမြှင့်ဆောင်ရွက်ခဲ့တယ်လို့ ကိုဇော်ရဲနောင်က ဆိုပါတယ်။

”ပါမောက္ခ ဒေါက်တာဇော်ဝေစိုးရဲ့ အဆိုအရ လူနာ ၁၀၀ မှာ Oxygen Therapy နဲ့ ကုသဖို့က လူနာ ၂၀ လောက် လိုနိုင်တယ်။ အဲဒီအတွက်ကြောင့် ရက်ပိုင်းအတွင်းမှာပဲ HDU ခုတင် ၁၀၀ အထိ ပြင်ဆင် ဆောင်ရွက်ခဲ့တာဖြစ်တယ်”လို့ သူက ပြောပါတယ်။

အင်းယားလိတ်ကိုဗစ်စင်တာမှာ တက်ရောက်ကုသမယ့်လူနာတွေအတွက် အထူးဆေးဝါးတွေနဲ့ အစား အသောက်တွေကို အခမဲ့စီစဥ◌်ပေးထားတဲ့အပြင် ဆရာဝန်၊ သူနာပြ၊ စေတနာ့ဝန်ထမ်းတွေအတွက်လည်း ၂၄ နာရီ အခမဲ့ Food Court ထားရှိပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီစင်တာကို တည်ဆောက်ဖို့အတွက် ကမ္ဘာဇဘဏ်က ငွေကျပ်သိန်း(၇၀၀၀)၊ ရွှေသံလွင်ကုမ္ပဏီက ငွေကျပ် သိန်း(၃၀၀၀) ကနဦးမတည်လှူဒါန်းခဲ့တာဖြစ်ပြီးတော့ လိုအပ်ချက်အရ ကမ္ဘောဇဘဏ်က ငွေကျပ်သိန်း(၃၀၀၀) ထပ်မံလှူဒါန်းထားတယ်လို့ သိရပါတယ်။

Photo – Inya Centre

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply