Tech Age Girls အစီအစဉ်ရဲ့ဒုတိယအဆင့် ToT ဆရာဖြစ်သင်တန်းကို အူရီဒူးမြန်မာ အားဖြည့်ကူညီ

Ooredoo-TechAgeGirls-Phae-II-1.jpg

အူရီဒူးမြန်မာက Tech Age Girls အစီအစဉ်တွင် လေ့လာသင်ယူခဲ့ပြီးဖြစ်တဲ့ အမျိုးသမီးလေးများအတွက် ရည်ရွယ်ပြီး ဒုတိယအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်းကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ Myanmar Book Centre မှာ၂၀၁၉ခုနှစ်၊ ဇူလိုင်လ၊ ၂၉ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်းကို ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီ (Training of Trainers) ဆရာဖြစ်သင်တန်းက အမျိုးသမီးများရဲ့ဒီဂျစ်တယ်ဆိုင်ရာကျွမ်းကျင်မှုတွေနဲ့ ခေါင်းဆောင်မှုစွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပါတယ်။ သင်တန်းရဲ့ အဓိကရည်ရွယ်ချက်က Tech Age Girls အစီအစဉ်မှ အမျိုးသမီးငယ်တွေက သူတို့လေ့လာသင်ယူခဲ့တဲ့ဗဟုသုတပညာရပ်များကို သူမတို့နေထိုင်ရာ လူမှုဝန်းကျင်တွင် ပြန်လည်ဝေမျှပေးနိုင်ရန် ဖြစ်ပါတယ်။ ပထမအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်းကို ၂၀၁၉ ခုနှစ်၊ မတ်လတွင် စတင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက် ၂၁ခုတို့တွင် နည်းပြဆရာဦးရေ (၄၃)ဦး နှင့် အမျိုးသမီးငယ်ဦးရေ (၁၁၅)ဦး တို့ကိုသင်ကြားပို့ချခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ ပထမအဆင့် ဆရာဖြစ်သင်တန်းတွင် တက်ရောက်ခဲ့သူများက အခြေခံခေါင်းဆောင်မှု ကျွမ်းကျင်ပညာရပ်များ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာနှင့် တင်ပြဆွေးနွေးမှုပညာ အပါအဝင် လူမှုဆက်ဆံရေး ပညာရပ်များကို သင်ယူလေ့လာခဲ့ကြပြီး ဖြစ်ပါတယ်။

ဒုတိယအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်းတွင် စာကြည့်တိုက်မှူးများ၊ စာကြည့်တိုက် ဝန်ထမ်းများ နှင့် ပထမအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်း တက်ရောက်ပြီးဖြစ်သည့် Tech Age Girls အစီအစဉ်တွင် ပါဝင်ခဲ့သူများ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ အဲဒီသင်တန်းတွင် သင်ယူနိုင်မယ့် ဘာသာရပ်တွေက ဂရပ်ဖစ်ဒီဇိုင်းပညာ၊ အရေးအသား နှင့် ဗီဒီယိုတည်းဖြတ်ခြင်းပညာ၊ လူမှုကွန်ယက်မီဒီယာ အသုံးပြုပုံများ၊ လူမှုဝန်းကျင် စီမံကိန်းဆိုင်ရာ စီစဉ်ဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို ရှာဖွေဖော်ထုတ်ကာ စီစဉ်ဆောင်ရွက်ခြင်းဆိုင်ရာပညာရပ်များအပြင် ခေါင်းဆောင်မှုပညာ၊ တီထွင်ဆန်းသစ်မှု နှင့် စီမံခန့်ခွဲမှုပညာများစသည့် ပညာရပ်များဖြစ်ပါတယ်။ အဲဒီ ဒုတိယအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်း သင်ကြားပို့ချခြင်း ပြီးဆုံးပါက ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းတွင် Tech Age Girls အစီအစဉ်ရဲ့ တွေ့ဆုံပွဲအခမ်းအနားကို စီစဉ်ကျင်းပသွားမှာဖြစ်ပါတယ်။

Myanmar Book Aid and Preservation Foundation (MBAPF) က စီစဉ်ဆောင်ရွက်တဲ့ Tech Age Girls (TAG) အစီအစဉ်ရဲ့ အဓိကကူညီပံ့ပိုးပေးထားတဲ့ အူရီဒူးမြန်မာက သင်တန်းအစီအစဉ် ရန်ပုံငွေအပါအဝင် လက်ပ်တော့နှင့် အူရီဒူး၏ အမြန်ဆန်ဆုံး 4G+ ကွန်ရက် အစရှိသည့် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးလျက် ရှိပါတယ်။ Tech Age Girls အစီအစဉ်က အသက် (၁၆) မှ (၂၀) နှစ် ကြား အမျိုးသမီးငယ်များရဲ့နည်းပညာနှင့် ဦးဆောင်မှုဆိုင်ရာ အရည်အသွေးများကို ကျား/မ တန်းတူအခွင့်အရေးမြှင့်တင်ခြင်း နှင့် ကျေးလက်ဒေသ စသည်တို့တွင် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ကွာဟမှုများကို လျော့ချပေးနိုင်ရန် ရည်ရွယ်ပါတယ်။ အူရီဒူးက အလားအလာရှိသော ဒီဂျစ်တယ်နည်းပညာများကို လမ်းဖွင့်ပေးပြီး မြန်မာအမျိုးသမီးများ စွမ်းဆောင်ရည်နှင့် ဦးဆောင်နိုင်စွမ်းမြင့်မားလာစေရန် ပံ့ပိုးကူညီပေးခြင်းဖြင့် ကုလသမဂ္ဂရဲ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များ (United Nations Sustainable Development Goals -SDGs) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top