ကိုဗစ်စင်တာနှစ်ခုကို လှူဒါန်းဖို့ Live လွှင့်ကပြမယ့် ဖိုးချစ်

9-10-2020-yyl-016.jpg

ရန်ကုန် အောက်တိုဘာ ၉

COVID-19 ကုသရေးစင်တာ(၂)ခုကို လှူဒါန်းနိုင်ဖို့အတွက် အွန်လိုင်းကနေ Live လွှင့်ကပြသွားမယ်လို့ ဇာတ်သဘင်ပညာရှင် ဖိုးချစ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးပြောကြားလိုက်ပါတယ်။

”သိပ်မကြာခင်မှာ ကိုဗစ်အလှူငွေပွဲ CB Center, AYA Center ကို လှူချင်လို့ ပွဲတစ်ပွဲ LIVE က ပြပါ့မယ်ဗျာ။ မြို့ရွှေမန်းသား Page ကနေ Free ထုတ်လွှင့်ပါမယ်နော်။ ရသမျှအကုန်လှူမယ်”လို့ ဖိုးချစ်က ရေးသားထားပါတယ်။

အဲဒီပွဲအတွက် ပေးသမျှ၊ ကူညီသမျှ စပွန်ဆာတွေ၊ ထည့်ဝင်တဲ့ အလှူငွေတွေအားလုံးကို လှူဒါန်းပေး သွားမယ့်အပြင် အနုပညာနဲ့ပတ်သက်တဲ့ ကုန်ကျစရိတ်တွေကိုပါ လှူဒါန်းသွားမယ်လို့ သူက ဆိုပါတယ်။

”ဘာမှမလုပ်နိုင်တော့ လုပ်နိုင်တာလေးနဲ့ လုပ်ရတော့မှာပဲ။ ဒီအချိန်မှာ တတ်နိုင်သလောက် လုပ်နိုင်တဲ့ အနုပညာနဲ့ လှူဒါန်းပါရစေဗျာ”လို့ ဖိုးချစ်က ရေးသားထားပါတယ်။ လက်ရှိမှာတော့ ဇာတ်သဘင်ပညာရှင်ဖိုးချစ်အနေနဲ့ Phoe Chit Thabin(ဖိုးချစ်သဘင်)အမည်နဲ့ Group ဖွဲ့၊ Member ကြေးကောက်ခံပြီးတော့ အွန်လိုင်းဖျော်ဖြေတင်ဆင်မှုတွေကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

Photo – Phoe Chit

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top