တူရိယာ ၅ မျိုးကို ကိုယ်တိုင်သင်ယူတီးခတ်ခဲ့တဲ့အသက် ၁၀ နှစ်အရွယ် ဂီတပါရမီရှင်လေး 

Image_32EE236D-442D-471F-9204-C882CA9C139B.jpeg

မိုင်လ်စ် ဘွန်ဟမ် ဆိုတဲ့ ၁၀ နှစ်သားလေးက လူမှုကွန်ရက်မှာ “Miles Music Kid” အဖြစ် လူသိများပါတယ်။ ကလေးငယ်ဘဝကတည်းက ဂီတမှာ ထူးခြားတဲ့ ပါရမီပါလာခဲ့ပြီး ကမ္ဘာကျော် ဂီတပညာရှင်တွေရဲ့ သတိထားအားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။

မိုင်လ်စ်က အသက် ၄ နှစ်အရွယ်မှာ မိဘတွေ ဝယ်ပေးခဲ့တဲ့ တပတ်ရစ် ဂစ်တာနဲ့ ကိုယ်တိုင်တီးခတ်တတ်အောင် စတင်လေ့လာခဲ့ပါတယ်။ အဲ့ဒီနောက် သီချင်းသံစဉ်တွေကို နားထောင်ရုံနဲ့ တိကျစွာ မှတ်မိတီးခတ်နိုင်တဲ့ Perfect Pitch (နားဖြင့် အသံစဉ်မှန်သမျှ ခွဲခြားနိုင်သည့်ပါရမီ) ရှိကြောင်း တွေ့ရှိခဲ့ရပြီး အသက် ၄-၅ နှစ်အရွယ်မှာပဲ ဂစ်တာ၊ ဘေ့စ်၊ ဒရမ်၊ ပီယာနိုနဲ့ ယူကူလီလီ (Ukulele) အစရှိတဲ့ တူရိယာတွေကို ကိုယ်တိုင်တီးခတ်တတ်သွားခဲ့ပါတယ်။ လက်ရှိမှာ သူဟာ Saxophone, Trumpet, Tromboneနဲ့ Violin တို့ကိုပါ တီးခတ်နိုင်နေပြီဖြစ်ပါတယ်။

သူက တူရိယာတီးခတ်ရုံတင်မကဘဲ သီချင်းတစ်ပုဒ်ရဲ့ အသံပိုင်းဆိုင်ရာ Layer တွေကို ကွန်ပျူတာပေါ်မှာ ကိုယ်တိုင်ဖန်တီးခြင်း (Remix & Multitrack Production) တွေကိုလည်း ငယ်စဉ်ကတည်းက ပြုလုပ်နိုင်ခဲ့ပါတယ်။

မိုင်လ်စ်ရဲ့ ပါရမီကြောင့် ဂီတနယ်ပယ်မှ နာမည်ကြီး ပညာရှင်များစွာရဲ့ သတိထားအားပေးခြင်းကို ခံခဲ့ရပါတယ်။ အင်တာနက်ပေါ်မှာ ဖော်ပြထားတဲ့ ဗီဒီယိုတွေကြောင့် လူသိများလာသော်လည်း မိုင်လ်စ်ရဲ့ မိဘတွေက သူ့ကို လူမှုကွန်ရက် သုံးခွင့်မပေးဘဲ ကလေးတစ်ယောက်ရဲ့ ပုံမှန်ပျော်ရွှင်စရာ ဘဝ (သူငယ်ချင်းများနှင့် ကစားခြင်း၊ စက်ဘီးစီးခြင်း၊ Lemonade ရောင်းခြင်း) တို့ကို သဘာဝအတိုင်း ဖြတ်သန်းစေကာ ဂီတကိုလည်း ဖိအားမပါဘဲ ဝါသနာအတိုင်း လွတ်လပ်စွာ ဖန်တီးခွင့်ပေးထားပါတယ်။

Ref: 10-Year-Old Prodigy Who Taught Himself 5 Instruments by Age 4 Is Already Getting Noticed by Music’s Biggest Names

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top