မိန်းကလေးတွေကို ထိကပါးရိကပါး တိုက်ခိုက်နှောင့်ယှက်မှုတွေအတွက် နိုင်ငံတချို့က ဘယ်လိုကာကွယ်ပေးနေလဲ

Flag_of_Belgium__civil_.svg_po8qmj.jpg

အခုတလော လမ်းမပေါ်မှာ သွားလာနေတဲ့ မိန်းကလေးတွေကို ကာယအိန္ဒြေ ပျက်ပြားအောင် နှုတ်အားဖြင့်ရော၊ ကိုယ်အမူအရာအားဖြင့်ပါ လိုက်လံနှောင့်ယှက်မှုတွေ တဖြည်းဖြည်း ပိုများလာတာတွေ တွေ့ရမှာပါ။ ကျွန်မတို့နိုင်ငံမှာတော့ တရားဥပဒေကြောင်းအရ အားနည်းတာရော၊ အကျူးလွန်ခံရတဲ့ မိန်းကလေးတွေဘက်ကလည်း တိုင်တန်းဖို့ရာ အခက်အခဲတွေများစွာရှိတာကြောင့် ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်နိုင်ဘဲ

ဒီလို ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အပြုအမူတွေဟာ ဆက်လက်ပြီး ဖြစ်ပွားနေပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာတင်မကပဲ ကမ္ဘာ့နိုင်ငံတွေမှာပါ ဖြေရှင်းဖို့ခက်နေသေးတဲ့ ပြဿနာတစ်ရပ်ဖြစ်နေပါသေးတယ်။ အောက်မှာတော့ ဒီလို တိုက်ခိုက်နှောင့်ယှက်တာတွေကို အရေးယူကာကွယ်နေတဲ့ နိုင်ငံတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘယ်လ်ဂျီယံနိုင်ငံ

လမ်းမပေါ်က ထိပါးနှောင့်ယှက်မှုများကို စာရင်းပြုထားတဲ့ ကော်နယ်န်ိုင်ငံတကာစစ်တမ်း (Cornell International survey on street harassment) အရ ၇၅%ရာခိုင်နှုန်းရှိတဲ့ ဘယ်လ်ဂျီယံသူတွေဟာ အသက် ၁၇ မတိုင်ခင်မှာဘဲ လမ်းမပေါ်က နှောင့်ယှက်မှုတွေကို ခံနေရပြီးတော့ စစ်တမ်းမှာပါဝင်တဲ့ အမျိုးသမီးအကုန်လုံးဟာ နှုတ်အားဖြင့် လိင်ပိုင်းဆိုင်ရာစော်ကားခြင်းကို ခံခဲ့ရဖူးပါတယ်။ ဒါကြောင့်မို့ ဘယ်လ်ဂျီယံ၂၀၁၄ ဧပြီလ ကစပြီးတော့ လမ်းမပေါ်က လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေဟာ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်၁နှစ်ဖြစ်စေ အရေးယူ ပြစ်ဒဏ်ချမှတ်လို့ ရတဲ့ ဥပဒေပြဌာန်းခဲ့ပါတယ်။

(၂)ပေါ်တူဂီနိုင်ငံ

ပေါ်တူဂီနိုင်ငံမှာ အလုပ်ခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိခိုက်နှောင့်ယှက်မှုကို ပြစ်မှုအဖြစ် အရင်ကတည်းက သတ်မှတ်ထားပြီးဖြစ်ပေမဲ့ လမ်းမပေါ်က နှောင့်ယှက်မှုတွေကို ပြစ်မှု အဖြစ် ၂၀၁၅ ဩဂုတ်လမှာ စတင် ပြဌာန်းခဲ့ပါတယ်။ ပြစ်ဒဏ်အနေနဲ့ယူရိုငွေ ၁၂၀ ဖြစ်စေ၊ ထောင်ဒဏ် တစ်နှစ်ဖြစ်စေ ကျခံရမှာဖြစ်ပါတယ်။ တကယ်လို့ကျူးလွန်ခံခဲ့ရတဲ့ သူ(သားကောင်) ဟာ အသက် ၁၄ နှစ်အောက် ဆိုရင်တော့ ပြစ်မှုကျူးလွန်သူဟာ ထောင်ဒဏ် ၃ နှစ်ကျခံရမှာပါ။

(၃) နယူးဇီလန်နိုင်ငံ

နယူးဇီလန်နိုင်ငံရဲ့ ၁၉၈၁ ခုနှစ်၊ အထွေထွေပြစ်မှု ဆိုင်ရာဥပဒေ၊ အခန်း (၄) အရ ခြိမ်းခြောက်သော၊ စော်ကားသောစကားလုံးအသုံးအနှုန်းကို သုံးစွဲပါက ဒဏ်ငွေ ဒေါ်လာ ၁၀၀၀ အထိပြစ်ဒဏ်ချမှတ်နိုင်ပြီးတော့ ၁၉၉၇ ခုနှစ် လိင်ပိုင်းဆိုင်ရာစော်ကားမှုပြစ်မှုဥပဒေအရ လုပ်ငန်းခွင်အတွင်း ထိပါးနှောင့်ယှက်မှုနဲ့ မိမိရဲ့သူဌေး သို့ လုပ်ဖော်ကိုင်ဘက်နှင့် လိင်ဆက်ဆံရန် ဖိအားပေးမှုတို့ကို ထောင်ဒဏ် အနှစ် (၂၀) ထိချမှတ်နိုင်ပါတယ်။ ထို ၁၉၉၇ ခုနှစ် ဥပဒေထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှု၊ မိမိနှင့် အိပ်ပါက ရာထူးတိုးပေးမယ်လို့ ပြောဆိုမှုနဲ့ တခြားသော ကျူးလွန်ခြင်းခံရသူကို စိတ်မသက်မသာ ဖြစ်စေ၊ မလုံမခြုံဖြစ်အောင်ခံစားရစေတဲ့ လုပ်ရပ်နဲ့ အပြောအဆိုမှန်သမျှ အကျုံးဝင်ပါတယ်။

(၄) အမေရိကန်ပြည်ထောင်စု

အမေရိကန်ပြည်ထောင်စုမှာတော့ လမ်းပေါ်က ထိပါးနှောင့်ယှက်မှုတွေအတွက် ပြစ်ဒဏ်တွေက ပြည်နယ်အလိုက် ကွဲပြားပါတယ်။ နယူးယောက် (New York) မြို့ပေါ်မှာတော့ ယခုလို လုပ်ရပ်များအတွက် ဒဏ်ငွေ ဒေါ်လာ ၂၅ဝ အထိ ကောက်ခံပြီး မီနီဆိုးတား (Minnesota) ပြည်နယ်မှာတော့ ယခုလိုထိပါးနှောင့်ယှက်စော်ကားမှုတွေနဲ့ စကတ်အောက်ကို ဓာတ်ပုံခိုးရိုက်မှု (Upskirt Photos) ဟာ ပြစ်မှုမြောက်ပါတယ်။ လမ်းမပေါ်က ထိပါးနှောင့်ယှက်မှုတွေအတွက် ပြည်နယ်တိုင်းလိုလို ဥပဒေပြဌာန်းထားပေးမဲ့ အရေးယူနိုင်တဲ့ နှောင့်ယှက်မှုအမျိုးအစားနဲ့ ကျခံရမယ့် ပြစ်ဒဏ်တွေကတော့ ပြည်နယ်အလိုက် ကွဲပြားနေပါတယ်။

ရိုးရာလေးရဲ့ပရိသတ်ကြီးရော ဒီလို နှုတ်စည်းကမ်းမရှိ မိခင်ချင်း၊ နှမချင်းမစာနာနိုင်တတ်တဲ့ လူစားမျိုးတွေကို ဘယ်လို ပြစ်ဒဏ်မျိုး ချမှတ်သင့်တယ်လို့ထင်မိပါသလဲ။

Ref: “Countries that are fighting back against catcalling”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top