ဟယ်ရီပေါ်တာအပြင်အဆင်မင်္ဂလာပွဲကျင်းပခဲ့ကြတဲ့ စုံတွဲ

25.4.2023-yyl-iamge-1.jpg

စာရေးဆရာမ ဂျေ ကေရိုးလင်းရဲ့Harry Potter ကို စွဲလမ်းရူးသွပ်ကြတဲ့ စုံတွဲတစ်တွဲကတော့ ဟယ်ရီပေါ်တာအပြင်အဆင်မင်္ဂလာပွဲကို ကျင်းပခဲ့ကြပါတယ်။ ခရိတ်နဲ့ ကက်သရင်းတို့စုံတွဲ ချစ်သူတွေဖြစ်တဲ့အချိန်မှာလည်း သူတို့ရဲ့ခန္ဓာကိုယ်မှာ ဟယ်ရီပေါ်တာနဲ့ဆက်စပ်တဲ့တက်တူးဆင်တူရှိခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။ ခရိတ်က ကက်သရင်းကို ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့က Harry Potter World မှာရှိတဲ့ Hogwarts Castle မှာတောင် လက်ထပ်ခွင့်တောင်းခဲ့တာပါ။

သူတို့ရဲ့မင်္ဂလာပွဲကို Harry Potter မှော်လောကအပြင်အဆင်ပါအောင် ပြုလုပ်ဖို့ စိတ်အားထက်သန်ခဲ့ကြတာပါ။ မင်္ဂလာပွဲလာရင် Hogwarts ရဲတိုက်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားကို ဧည့်သည်တွေ ဝတ်ဆင်ရမယ်လို့ မင်္ဂလာဖိတ်စာထဲမှာ ထည့်ရေးထားခဲ့တာပါ။ မင်္ဂလာသတို့သား၊သတို့သမီးတို့ကလည်း မှော်တုတ်တံတွေ ကိုင်ပြီးတော့လည်း ကခဲ့ကြပါတယ်။

ကက်သရင်းနဲ့ခရိတ်တို့က ရိုးရာမင်္ဂလာအခမ်းအနားကို ကျင်းပချင်ကြတဲ့သူတွေမဟုတ်တဲ့အတွက် သူများတွေနဲ့ မတူတဲ့ မင်္ဂလာပွဲကို ကျင်းပဖြစ်ခဲ့တာပါ။ ဒီမင်္ဂလာပွဲအတွက် ဒေါ်လာ ၂၅၀၀၀ ကုန်ကျခံခဲ့ရတာပါ။ သူတို့ အခုလိုဟယ်ရီပေါ်တာအပြင်အဆင်နဲ့ မင်္ဂလာပွဲကျင်းပတာကို ထောက်ခံပံ့ပိုးပေးခဲ့တဲ့သူတစ်ယောက်မှမရှိခဲ့ပါဘူး။ သူတို့ရဲ့သူငယ်ချင်းတွေနဲ့မိသားစုတွေကတော့ သူတို့လုပ်ခိုင်းတဲ့အတိုင်း လိုက်လုပ်ခဲ့ရတာပါပဲ။

မင်္ဂလာပွဲမတိုင်ခင်ရော မင်္ဂလာပွဲပြီးတဲ့နောက်မှာရော ဧည့်သည်တွေဆီက မကောင်းတဲ့မှတ်ချက်မျိုးတွေ ရှိခဲ့တာပါ။ ဒါပေမဲ့ မင်္ဂလာပွဲပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ တင်လိုက်တဲ့အခါမှာတော့ တချို့လူတွေဆီကနေ ကောင်းတဲ့တုံ့ပြန်ပြောဆိုချက်တွေရခဲ့ကြပါတယ်။

Ref: Couple who spent thousands of dollars on their Harry Potter-themed wedding get told to ‘grow up’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top