၃ လက်မခွဲသာသာပဲရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံးခွေးမလေး

25.4.2023-yyl-iamge-5.jpg

ရေခဲချောင်း တစ်ချောင်းစာတောင် မရှိတဲ့ ချီဟွာဟွာ ခွေးမလေးဟာ ကမ္ဘာ့အရပ်အပုဆုံးခွေးအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ ပုလဲလို့ အမည်ပေးထားတဲ့ ၂ နှစ်အရွယ် ချီဟွာဟွာ ခွေးမလေးရဲ့ အရပ်အမြင့်က ၃.၅၉ လက်မ (၉.၁၄ စင်တီမီတာ)ပဲ ရှိပါတယ်။

ခွေးတွေရဲ့ အရပ်အမြင့်ကို တိုင်းတာလေ့ရှိတဲ့ ပုံစံအတိုင်း ခြေဖဝါးကနေ ရင်စို့အထိ တိုင်းတာခဲ့တာပါ။ ပုလဲ ထိုင်လိုက်ရင် ၅ လက်မပဲ ရှိပြီး ၁ ဒေါ်လာတန် ငွေစက္ကူထက် ခေါင်းတစ်လုံးပဲ ပိုသာပါတယ်။


ပုလဲဟာ အရွယ်အစား သေးငယ်တဲ့ ချီဟွာဟွာ မျိုးရိုးကနေ ဆင်းသက်လာတာဖြစ်ပြီး (ယခင် ကမ္ဘာ့အရပ်အပုဆုံး ခွေးအဖြစ် ဂင်းနက်စ် စံချိန်တင်ခဲ့တဲ့ ခွေးမလေး) မီရေကယ်မီလီရဲ့ မျိုးဆက်ဖြစ်ပါတယ်။ ပုလဲက အစားအသောက်ကောင်းကောင်း ကြိုက်ပြီး အဝတ်အစား ဝတ်ဆင်ရတာလည်း သဘောကျတယ်လို့ သူ့သခင်က ဆိုပါတယ်။

Ref: Chihuahua Slightly Taller Than a Teacup is Named World’s Shortest Dog

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top