မီးလောင်နေတဲ့ ၆ လွှာ တိုက်ခန်းမှ လူ ၆ ဦးကို အသက်ကယ်ပေးခဲ့သူ

hero.jpg

ပြင်သစ်နိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတစ်ဦးဟာ မီးလောင်နေတဲ့ ၆ လွှာတိုက်ခန်းထဲမှ လူ ၆ ဦးကို ကယ်ထုတ်ပေးနိုင်ခဲ့လို့ သမ္မတ မက်ခရွန်ရဲ့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားဂုဏ်ပြုခံခဲ့ရပြီး သူရဲကောင်းဆုတံဆိပ် ချီးမြှင့်ခံရဖို့ ရှိနေပါတယ်။

ပြင်သစ်နိုင်ငံသားဖြစ်ခွင့် မရသေးပေမဲ့ နေထိုင်ခွင့်လက်မှတ်ရထားတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသား ဆစ်စီဟာ အလယ်တန်းကျောင်းရဲ့ ဧည့်ကြိုဌာနမှာ အလုပ်လုပ်သူပါ။ သူဟာ မီးလောင်နေတဲ့ တိုက်ခန်းနဲ့ ကပ်လျက် အဆောက်အအုံ အနားစွန်းပေါ်ကတစ်ဆင့် မီးလောင်နေတဲ့ တိုက်ခန်းထဲမှာ ကလေး ၄ ယောက်၊ လူကြီးနှစ်ယောက်ကို ကယ်တင်ပေးခဲ့တာပါ။

” မီးလောင်နေတာ တွေ့လိုက်တာနဲ့ ချက်ချင်းသွားခဲ့တာပါ။ ‘ မရဘူး။ မင်း မဖြစ်မနေ သွားကယ်ရမယ်’လို့ မသိစိတ်ကနေ နှိုးဆော်နေသလိုပါပဲ” လို့ ဆစ်စီက ဆိုပါတယ်။ သူဟာ မြေပြင်အထက် အမြင့်ပေ ၆၅ ပေအကွာမှာရှိတဲ့ အနားစွန်း ၂ ဖက်ကို ခွနင်းပြီး မီးလောင်နေတဲ့ တိုက်ခန်းထဲမှ လူတွေကို ဆွဲခေါ်ပေးခဲ့တာပါ။

ပြီးခဲ့တဲ့တစ်ပတ်က ပြင်သစ်အမျိုးသားနေ့ အခမ်းအနားမှာ သမ္မတမက်ခရွန်က ဆစ်စီကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့သလို ပဲရစ် ရဲမှူးချုပ် လောရင့်နူနက်ဇ်ကလည်း သူ့ရဲ့ ရဲစွမ်းသတ္တိကို အသိပြုတဲ့အနေနဲ့ သူရဲကောင်းဆုတံဆိပ် ချီးမြှင့်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

ဆစ်စီ ကယ်တင်ပေးခဲ့သူ ၆ ယောက်အနက် ၁ လအရွယ် ကလေးငယ်နဲ့ ၁ နှစ်အရွယ် ကလေးငယ်အပါအဝင် ကလေး ၄ ဦး၊ လူကြီး ၂ ဦး ပါဝင်ပါတယ်။

Ref: Courageous Hero Climbs to 6th Floor Ledge to Save Children and Mom Trapped By Flames in Paris (WATCH)

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top