တောင်တက်သမားတွေ အစီအရီတိုးဝှေ့နေကြပြီး အသေအပျောက်များလွန်းတဲ့ ဧဝရတ်တောင်တက်ခရီး

61411041_1346170278868048_1164605752682217472_n.jpg

တောင်တက်ခြင်းခေတ်စားလာတာနဲ့အမျှ အပျော်သဘောနဲ့ရော စိန်ခေါ်မှုတစ်ရပ်အအနေနဲ့ပါ စိတ်ဝင်စားသူတွေကများပြားလာပါတယ်။ တောင်နိမ့်နိမ့်တွေထက် နာမည်ကြီးတာင်တန်းပေါ်တွေမှာရှိပြီး သွားလာရခက်မယ်ထင်တဲ့ နေရာကိုရွေးပြီး တောင်တက်ရတဲ့စွန့်စားမှုကို လူတွေကပိုသဘောကျပါတယ်။ လက်ရှိအချိန်မှာတော့ ဟိမဝန္တာတောင်တန်းပေါ်က ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကိုတက်ရောက်တဲ့သူက အများဆုံးဖြစ်နေပြီး အနိမ့်ဆုံး လူ(၁၀) ဦးထက်မနည်း သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။

တောင်တက်သမားတွေက တောင်ထိပ်ကိုရောက်ဖို့အတွက် သေမင်းဇုန်နေရာမှာ နာရီပေါင်းများစွာကြာအောင် တန်းစီစောင့်နေကြတာဖြစ်ပါတယ်။ ကားလမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ယာဉ်တန်းကြီးဖြစ်နေသလို ဧဝရက်တောင်ပေါ်မှာလည်း လူတန်းကြီးဖြစ်နေတာပါ။

တောင်တက်သမားတွေက တောင်ထိပ်ကိုရောက်ဖို့အတွက် သေမင်းဇုန်နေရာမှာ နာရီပေါင်းများစွာကြာအောင် တန်းစီစောင့်

လူတန်းကြီးကို အမိအရ ဓာတ်ပုံရိုက်နိုင်ခဲ့တဲ့ ပါဂျာ (Purja) ဆိုသူ တောင်တက်သမားက ဒီလိုအခြေအနေမျိုး တစ်သက်မှာ တစ်ခါမှမကြုံဖူးဘူးဆိုပြီး ပြောထားပါတယ်။ တောင်ထိပ်ကို ချောမွေ့စွာတက်နိုင်ဖို့အတွက် အခြေအနေကောင်းတယ်ဆိုတဲ့အချိန်က တစ်နှစ်မှာ ရက်အနည်းငယ်လောက်ပဲ ရှိပါတယ်။ ဒီအခွင့်အရေးကို တောင်တက်သမားတွေကစောင့်ဆိုင်းနေပြီး အခြေအနေပေးပြီဆိုတာနဲ့ တောင်ထိပ်ပေါ်ရောက်ဖို့ တရှိန်ထိုး ကြိုးစားကြတာ ဖြစ်ပါတယ်။ တောင်ထိပ်ကို မြန်မြန်တက်ပြီး တောင်အောက်ကို မြန်မြန်ဆင်းရမယ့်နေရာမှာ မကျွမ်းကျင်သူတစ်ယောက်ပါလာခဲ့မယ်ဆိုရင် ဘေးနားက တောင်တက်သမားတွေအားလုံးပါ အောက်ပြုတ်ကျမယ့်အခြေအနေ ဖြစ်ပါတယ်။

တောင်ထိပ်ကိုရောက်ဖို့ သေမင်းဇုန်မှာ နာရီပေါင်းများစွာစောင့်ရင်း အောက်ဆီဂျင် အလုံအလောက်မရတော့လို့ မောပန်းပြီး သေဆုံးသွားတဲ့တောင်တက်သမားကတော့ အနည်းဆုံး နှစ်ဦးလောက် ရှိနေပြီလို့လည်း သိရပါတယ်။ ကျန်တာကတော့ တောင်တက်ကျွမ်းကျင်မှုမရှိတာနဲ့ ရာသီဥတုဓဏ်ကြောင့် သေဆုံးရသူတွေပါ။

တောင်တက်ခရီးစဉ်ဆိုတာ အန္တရာယ်များလွန်းသလို အပြန်လမ်းမသေချာတဲ့ခရီးစဉ်တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီခရီးစဉ်မှာလိုက်ပါဖို့ဆိုရင် သက်လုံကောင်းဖို့လိုသလို အပေါင်းအဖော်ကောင်းနဲ့ တွေ့ဖို့လည်း လိုအပ်ပါတယ်။

Ref: 9gag “Mr.Everest is now overcrowded, climbers are dying in traffic jam”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top