၁၄ ပေါင် ၈ အောင်စ အလေးချိန်နဲ့ မွေးဖွားလာခဲ့တဲ့ ကလေးလေး

9.11.23-yyl-3.jpg

ကနေဒါလူမျိုးစုံတွဲတစ်တွဲက ၁၄ ပေါင် ၈ အောင်စ အလေးချိန်ရှိတဲ့ ကလေးလေးကို မွေးဖွားပိုင်ဆိုင်ခဲ့ရပါတယ်။ သူတို့ရဲ့အငယ်ဆုံးကလေးလေးက အခုလိုအလေးချိန်နဲ့ မွေးဖွားလာခဲ့လို့ လုံးဝအံ့အားသင့်ခဲ့ရပါတယ်။

ဘရစ်တနေး အေရက်စ်ဆိုတဲ့ အမျိုးသမီးဟာ အောက်တိုဘာ ၂၃ ရက်နေ့က ဆွန်နီ လို့ အမည်ပေးထားတဲ့ သားလေးကို မွေးဖွားခဲ့တာပါ။ ဒီသားလေးက သူနဲ့သူ့ခင်ပွန်း ချန် အေရက်စ်အတွက် ၅ ယောက်မြောက်ကလေးပါ။ ဆွန်နီက မွေးစမှာတင် ၁၄ ပေါင် ၈ အောင်စရှိပြီး အရပ်က ၅၅ စင်တီမီတာရှိပါတယ်။ ဘရစ်တနေးတို့လည်း ကလေးက အဲ့ဒီလောက်ကြီးလိမ့်မယ်လို့ မထင်ခဲ့တာပါ။

ဆွန်နီက ၉ ပေါင်လောက်နဲ့ မွေးဖွားကြတဲ့ သာမန်ကလေးတွေထက် အရွယ်အစားပိုကြီးခဲ့ပါတယ်။ ဆွန်နီရဲ့အစ်ကို ၂ ယောက်ကလည်း မွေးဖွားခဲ့စဉ်က အလေးချိန် ၁၃ ပေါင်ကျော်ရှိခဲ့တယ်လို့ ဘရစ်တနေးရဲ့ပြောစကားအရသိရပါတယ်။ “မာရီဂိုးဒ်က ၁၃ ပေါင် ၁၄ အောင်စနဲ့ မွေးဖွားလာခဲ့တာပါ။ လက်ကီးက ၁၃ ပေါင် ၁၁ အောင်စနဲ့ မွေးဖွားလာခဲ့တာပါ”လို့ ဘရစ်တနေးက ဆိုပါတယ်။

အခုဆို ဆွန်နီက သူ့မိဘတွေ၊ မိသားစုတွေနဲ့အတူ အိမ်ပြန်ရောက်နေပါပြီ။

Ref: Baby boy born over 14 pounds returns home to family

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top