စမ်းသပ်မောင်းနှင်မှုမှာ ကမ္ဘာ့အမြန်ဆုံး စံချိန်တင်နိုင်ခဲ့တဲ့ တရုတ်ကျည်ဆန်ရထား

2.1.2025-yyl-3.png

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာတော့ တရုတ်နိုင်ငံက တစ်နာရီ ၂၈၁ မိုင်နှုန်းအထိ မောင်းနှင်နိုင်စွမ်းရှိပြီး ကမ္ဘာ့အမြန်ဆုံးစံချိန် တင်နိုင်မယ်ဆိုတဲ့ CR450 ကျည်ဆန်ရထားကို ထုတ်ဖော်ပြသခဲ့ပါတယ်။ CR450 ကျည်ဆန်ရထားဟာ တရုတ်နိုင်ငံမှာ လက်ရှိပြေးဆွဲနေတဲ့ CR400Fuxing မော်ဒယ်ထက် တစ်နာရီကို ၆၄ မိုင်နှုန်း ပိုမိုမြန်ဆန်ပြီး ခရီးသွားလာမှုနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် ပိုမိုတိုးတက်ကောင်းမွန်စေလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

CR450 ကျည်ဆန်ရထားပုံစံငယ်ကို စမ်းသပ်မောင်းနှင်မှုအရ ခုတ်မောင်းမှုအရှိန်၊ စွမ်းအင်သုံးစွဲမှု၊ ဆူညံသံနဲ့ ရပ်တန့်နိုင်မယ့်အကွာအဝေး အစရှိတဲ့ နိုင်ငံတကာစံနှုန်းတွေကို စံချိန်သစ် တင်နိုင်စေလိမ့်မယ်လို့ ယူဆထားကြပါတယ်။ မကြာခင်အချိန်အတွင်း ပြေးဆွဲနိုင်ဖို့ ရည်ရွယ်ပြီး တရုတ်ရထားလိုင်းက စွမ်းဆောင်ရည်ဆိုင်ရာ နောက်ထပ်စမ်းသပ်မှုတွေလုပ်ဖို့ စီစဉ်လျက် ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ရထားလမ်းစနစ်မှာ မြန်နှုန်းမြင့်ရထားတွေ ပြေးဆွဲနိုင်တဲ့ ရထားလမ်း ခရီးမိုင်က ၂၉၂၀၄ မိုင်အထိ ရှည်လျားပါတယ်။

Ref:CR450 Bullet Train
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top