ဘူတာရုံမှာ ကြွက်ဖမ်းတာဝန်ထမ်းဆောင်တဲ့ ကြောင်လေး ရာထူးတိုးပေးခံရ

catsdog-felix-73.jpg

ဟက်ဒါစ်ဖီးလ် (Huddersfield) ဘူတာရုံမှာ ကြွက်ဖမ်းတာဝန် ထမ်းဆောင်နေတဲ့ ဖီးလစ် (Felix) အမည်ရ ကြောင်မလေးဟာ နှစ်များစွာ တာဝန်ထမ်းဆောင်လာတဲ့အတွက် အသိအမှတ်ပြုကာ ရာထူးတိုးမြှင့်ပေးခြင်း ခံလိုက်ရပါတယ်။

အဖြူနဲ့အနက် နှစ်ရောင်စပ်ထားတဲ့ ဖီးလစ်ကို ဘူတာရုံဝန်ထမ်းတွေကရော နေ့စဉ်ရထားနဲ့ ခရီးသွားသူတွေကပါ ချစ်ခင်ကြပါတယ်။ ကြောင်မလေးဟာ ငါးနှစ်ကြာ ဘူတာရုံပလက်ဖောင်းတွေမှာ ဝီရိယရှိရှိနဲ့ ကြွက်တွေကို လှည့်ပတ်ရှာဖွေပေးခဲ့ပြီး အခုအခါမှာတော့ အမှုထမ်း လုံခြုံရေး အင်္ကျီအသစ် တစ်ထည်နဲ့ ထရန်ပဲနီ အမြန်ရထားကွန်ရက် (Transpennine Express Rail Network) ကိုယ်စား အမှတ်တံဆိပ်တစ်ခုကို ချီးမြှင့်ခံခဲ့ရပါတယ်။

ကြောင်မလေး အသက်(၉)ပတ်အရွယ်မှာ ဟက်ဒါစ်ဖီးလ်ဘူတာရုံမှာ စတင် တာဝန်ထမ်းခဲ့ပြီး အခုဆိုရင် အခုလို အဆင့်နဲ့အဖွဲ့ဝင် ဖြစ်လို့လာခဲ့ပါပြီ။ ဖီးလစ်ဟာ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ Like ပြုလုပ်သူ ၁၇ဝဝဝ ကျော်နေပြီဖြစ်ပြီး သူ့ရဲ့ တစ်နေ့တာလုပ်ဆောင်ချက်တွေကို အချိန်နဲ့တပြေးညီ တင်လျက်ရှိပါတယ်။

ဖီးလစ်ဟာ ဒီလိုချီးမြှင့်ခံရတဲ့အတွက် အလွန်ပျော်ရွှင်နေပြီး လူအများရဲ့အာရုံစူးစိုက်မှုကို ရနေရကြောင်းကို ဘူတာရုံဝန်ထမ်းတစ်ဦးက ပြောပြခဲ့ပါတယ်။

Ref: Independent “Felix the Huddersfield station cat has given promotion in recognition of her mouse-catching skills”

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top