ကမ္ဘာကျော်ဓာတ်ပုံဆရာတွေရဲ့ဓာတ်ပုံရောင်းရငွေတွေကို ယူကရိန်းကယ်ဆယ်ရေးအတွက် လှူဒါန်းသွားမယ်

7-4-2022-yyl02.jpg

National Geographic ဓာတ်ပုံဆရာတွေရဲ့လက်ရာတွေကို ဝယ်ယူမယ်ဆိုရင် ယူကရိန်းကယ်ဆယ်ရေးအတွက် အကူအညီပေးရာရောက်မယ့်အစီအစဉ်ကို အကျိုးအမြတ်မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုက လုပ်ဆောင်နေပါတယ်။ အဲဒီဓာတ်ပုံဆရာတွေရဲ့ဓာတ်ပုံရောင်းရငွေတွေကို ယူကရိန်းကယ်ဆယ်ရေးအတွက် လှူဒါန်းသွားမယ့်အစီအစဉ်ပါပဲ။

အမျိုးသမီးတွေပိုင်ဆိုင်တဲ့ အကျိုးအမြတ်မယူတဲ့ Vital Impactsအဖွဲ့အစည်းက National Geographic ဓာတ်ပုံဆရာ ၁၀၀ ကျော်ရဲ့လက်ရာတွေကို ရောင်းချဖို့ စီစဉ်ထားပြီး ရောင်းရငွေရဲ့ ၁၀၀ ရာခိုင်နှုန်းကို Direct Relief ဆီ လှူဒါန်းသွားမှာဖြစ်ပါတယ်။

အဲဒီအဖွဲ့အစည်းက ကမ္ဘာတစ်ဝှမ်းရှိ ဒေသတွေအတွက် အရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီနဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီထောက်ပံ့ပေးနေပြီး လက်ရှိမှာတော့ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း ယူကရိန်းမှာ ကူညီဆောင်ရွက်ပေးနေပါတယ်။ ဓာတ်ပုံရောင်းချမှုက ဧပြီ ၂၀ ရက်နေ့ အဆုံးသတ်မှာဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲက ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဉရောပမှာ အကြီးမားဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ယူကရိန်းနိုင်ငံသားသန်းပေါင်းများစွာက နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ရပြီး တချို့ကတော့ သူတို့ရဲ့မွေးရပ်မြေမှာ အိုးပစ်အိမ်ပစ်တိမ်းရှောင်နေရပါတယ်။

ယူကရိန်းသမ္မတက ရုရုားဟာ သူတို့ရဲ့နိုင်ငံအတွင်းက အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာက လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်လို့ ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီကို အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

Ref: CBSNews “World-renowned photographers sell prints, with proceeds going to Ukraine relief”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top