ဆေးစစ်ချက်မထွက်ခင် ပွဲကစားခဲ့တဲ့ ခရိုအေးရှားအသင်းခေါင်းဆောင် ဗီဒါမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

12-11-2020-yyl-029.jpg

ပွဲမတိုင်ခင် နာရီပိုင်းအလို ဆေးစစ်ချက် အဖြေမထွက်ခင် တူရကီနဲ့ ခြေစမ်းပွဲ ကစားခဲ့တဲ့ ခရိုအေးရှားအသင်းခေါင်းဆောင် ဗီဒါဟာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အသက် ၃၁ နှစ်ရှိတဲ့ ခရိုအေးရှားနောက်ခံလူ ဗီဒါဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ခရိုအေးရှားအသင်းဖော်တွေနဲ့အတူ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးချိန်မှာ ရောဂါပိုးမရှိ (Negative)ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအတွက် တူရကီနဲ့ ကစားမယ့် ခြေစမ်းပွဲ၊ ဆွီဒင်၊ ပေါ်တူဂီတို့နဲ့ ကစားမယ့် Nations League ပွဲစဉ်တွေအတွက် ခရိုအေးရှားအသင်း ကစားသမားစာရင်းမှာ ပါဝင်လာခဲ့တာပါ။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ကို ရောက်လာပြီး ပွဲနေ့ နံနက်ပိုင်းမှာ ခရိုအေးရှားကစားသမားတွေကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ပွဲကစားနေချိန်မှာ ဗီဒါရဲ့ဆေးစစ်ချက်အဖြေက positive ထွက်မယ့်အလားအလာ ရှိနေလို့ ပထမပိုင်းမှာပဲ ဗီဒါကို အူရီမိုဗစ်နဲ့ လူစားလဲခဲ့ရပါတယ်။ အဲဒီစစ်ဆေးမှုက ယေဘုယျစစ်ဆေးမှုဖြစ်လို့ နောက်ထပ်စစ်ဆေးမှုတွေလုပ်ရာမှာတော့ ဗီဒါမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး သူ့ကို ချက်ချင်းဆိုသလိုပဲ သီးသန့်ခွဲခြားနေထိုင်ခိုင်းခဲ့ပါတယ်။ ဗီဒါဟာ လာမယ့်ရက်ပိုင်းအတွင်း အစ္စတန်ဘူလ်မြို့မှာပဲ တစ်ယောက်တည်း သီးသန့်ခွဲခြားနေထိုင်ရမှာပါ။ ခရိုအေးရှားအသင်းရဲ့ တခြားကစားသမားတွေကတော့ ဆွီဒင်နဲ့ပွဲအတွက် စတော့ဟုမ်းမြို့ကို ခရီးဆက်ရမှာပါ။ ခရိုအေးရှားနဲ့ တူရကီတို့ရဲ့ ခြေစမ်းပွဲစဉ်ကတော့ ၃ ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။

Ref: Dailymail ” Croatia captain Domagoj Vida played the first half of his side’s draw with Turkey before Besiktas defender found out at half time he had tested POSITIVE for coronavirus just hours before the game”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top