ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၉ ယောက်ကို ပြန်လွှတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေ ဆွေးနွေးခဲ့တယ်လို့ ဆို

12-11-2020-yyl-028.jpg

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၉ ယောက်ကို ပြန်လွှတ်ပေးဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေ ဆွေးနွေးခဲ့ကြတယ်လို့ Anadolu သတင်းဌာနက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က နှစ်နိုင်ငံကြားမှာရှိတဲ့ နတ်မြစ်ထဲမှာ ငါးဖမ်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

” ဘင်္ဂလားဒေ့ရှ် – မြန်မာ ရေကြောင်းနယ်စပ်ဖြစ်တဲ့ နတ်မြစ်ဝထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတချို့ ပါဝင်တဲ့ ငါးဖမ်းစက်လှေ မျောပါသွားတယ်ဆိုတာကို ဒေသခံငါးဖမ်းသမားတွေကတစ်ဆင့် သိခဲ့ရတာပါ” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း တက်နတ်ခရိုင် နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး ဟာဆန်ခန်းက Anadolu သတင်းဌာနကို ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေရဲ့ကိစ္စအတွက် မြန်မာအာဏာပိုင်တွေကို ဆက်သွယ်အကြောင်းကြားထားပြီး မြန်မြန်ဆန်ဆန် ပြန်လွတ်လာဖို့ မျှော်လင့်တယ်လို့ ဟာဆန်ခန်းက ပြောပါတယ်။

Ref: Anadolu ” Bangladesh, Myanmar in talks to release fishermen”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top