ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ အချိန်ဆိုတာ လူတိုင်းမှာ ရှိကြစမြဲပါပဲ။ အဲဒီလို ရုန်းကန်နေရတဲ့ အချိန်တွေမှာ ကိုယ့်ဘေးနားမှာ အားပေးကူညီနေမယ့် သူ မရှိသလောက် နည်းတာကို ကြုံဖူးကြမှာပါ။ အောင်မြင်ဖြစ်ထွန်းလာတဲ့ အခါမှသာ ကိုယ့်ကို အပေါင်းအသင်းလုပ်ကြသူတွေ များလာတတ်ပါတယ် ။ အဲဒီလို အချိန်မှ ကိုယ့်အနားကပ်လာကြသူတွေဟာ ကိုယ့်ဆီက တစ်စုံတစ်ရာအကျိုးကို မျှော်ကိုးပြီး ဝန်းရံကြသူတွေ ဖြစ်တာ များပါတယ်။ တကယ်လို့သာ ကိုယ့်မှာ ပြဿနာ အခက်အခဲ ထပ်ကြုံတွေ့လာခဲ့ရင် အဲဒီလို မိတ်ဆွေတုတွေက ကိုယ့်ကို ထားခဲ့ပြီး အားကိုးအားထားရမယ့် တခြားသူတွေကို ထပ်ရှာဖို့ ဝန်လေးကြမှာ မဟုတ်ပါဘူး။
” ဗူးသီးမှ အရီးတော် ” ဆိုတဲ့ စကားပုံဟာ အောင်မြင်ဖြစ်ထွန်းမှ အပေါင်းအဖက်လုပ်ချင်ကြတဲ့ လူတွေရဲ့ စရိုက်ကို ဖော်ပြနေတဲ့ စကားပုံပဲ ဖြစ်ပါတယ်။
ကိုးကား ။ ။ “လှသမိန်” ပြုစုသည့် “မြန်မာစကားပုံ အဘိဓာန်”
(Design – Ti Nyain)