တိုင်းပြည်တိုးတက်ဖို့ လူငယ်နဲ့ နည်းပညာ

20161101large.jpg

မက်ဇူကာဘတ်ဟာ ၂၀၀၂ ခုနှစ်ဝန်းကျင်က ဝဘ်ဆိုဒ်တစ်ခုလုပ်ပြီး အဲ့ဒီ ဝဘ်ဆိုဒ်ရဲ့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၅၀ အောက်မှာပဲ ရှိပါတယ်။ အဲ့ဒီဝဘ်ဆိုဒ်ဟာ Facebook ဖြစ်လာပါတယ်။ Clash Of Clan ဆိုတဲ့ ဂိမ်းကို တီထွင်ဖန်တီးတဲ့သူဟာ ရှိတဲ့ ကွန်ပြူတာတစ်လုံးကို ကပ်ဖာပုံးပေါ်မှာ တင်ပြီးတော့ ရေးဆွဲလိုက်တာ အောင်မြင်သွားပါတယ်။ ယခုတော့ ကမ္ဘာ့ လူဆော့အများဆုံး ဂိမ်းထဲတစ်ခုအပါအဝင် ဖြစ်နေပြီး သူဟာလည်း သန်းကြွယ်သူဌေးတစ်ဦး ဖြစ်သွား ပါတယ်။ အဲ့ဒီအတွက် ရင်းနှီးမြှုပ်နှုံက ကွန်ပြူတာတစ်လုံးထဲပါ။

ယနေ့ခေတ်မှာဆိုရင် နည်းပညာ ကုမ္ပဏီတစ်ခုမှာ လူ ၁၀ ယောက်ပဲ အလုပ်လုပ်ရင်တောင် အဲ့ဒီကုမ္ပဏီတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထက်မှာ တန်ဖိုးရှိကြောင်း Viber, WeChat, Whatsapp အပြင် အခြားသော ကုမ္ပဏီပေါင်းများစွာက သက်သေပြသွားပါတယ်။ အဲ့ဒီကုမ္ပဏီတွေ အောင်မြင်သွားတဲ့အခါ ဝန်ထမ်းအင်အား ဘယ်လောက်ရှိသွားလဲတဲ့။ ဝန်ထမ်းအင်အား ၅၀၀ ထက်မများပါဘူး။ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုန်အမှတ်တံဆိပ် စာရင်းစံချိန်မှာ Google ဟာ နံပါတ် ၂ မှာ ရှိပြီး Coca Cola နံပါတ် ၄ မှာ ရှိပါတယ်။ ဝန်ထမ်းအင်အားကျတော့ Google မှာ ငါးသောင်းခွဲသာ ရှိရှိပြီး Coca-Cola မှာတော့ ၂ သိန်း ရှိပါတယ်။ Facebook မှာဆိုရင် ဝန်ထမ်းအင်အား တစ်သောင်းခွဲပဲ ရှိပြီး သူ့ရဲ့ Ranking က နံပါတ်ငါးမှာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့အအောင်မြင်ဆုံး ကုမ္ပဏီတွေကို ကြည့်လိုက်မယ်ဆိုရင် Apple, Google, Facebook, Microsoft အစရှိတဲ့ နည်းပညာ ကုမ္ပဏီများ ပြေးမလွတ်ပါဘူး။ ထိပ်တန်း ၁၀ ခုမှာ တစ်ဝက်ကျော်က နည်းပညာ ကုမ္ပဏီဖြစ်ပြီး သူတို့က ထိပ်တန်းတွေချည်း ယူထားပါတယ်။

ဘယ်တိုင်းပြည်မှာ ဖြစ်ဖြစ်ပေါ့။ စိုက်ပျိုးရေး တစ်ခု ပြုလုပ်တယ်ဆိုပါဆို့။ ပထမဆုံး အချက်အနေနဲ့ စိုက်ပျိုးမြေ ရှာရပါတယ်။ စိုက်ပျိုးမြေဟာ မိမိစိုက်ပျိုးချင်တဲ့ သီးနှံနဲ့ သင့်လျော်မလျော်ကို လေ့လာရတာကြောင့် မလွယ်ပါဘူး။ စိုက်ပျိုးတော့မယ်ဟေ့ ဆိုရင် မြေဧက များရင်များသလို စိုက်ချင်တာ များရင်များသလို ဝန်ထမ်းက လိုလာပြီ။ စိုက်ပြီးရင် ပြီးလားဆို အပင်တွေ မသေဖို့ ပိုးမတက်ဖို့အတွက် လုပ်ရပြုရတွေ ရှိလာပြီ။ ကဲ အပင်တွေ ပေါက်ပြီး သီးနှံတွေ ဖြစ်ထွန်းပြီဟေ့ဆိုရင် ကိုယ်က ဈေးကွက်နဲ့ အဆက်အသွယ်ပြတ်တာကြောင့် တောင်သူလယ်သမားတွေဟာ ပွဲစားက တစ်ဆင့်ရောင်းရတယ်။ ပွဲစားကနေ ကုန်စည်ဒိုင်တွေကို ပြန်ရောင်းပြီး ပြည်တွင်းရောင်းလား၊ နယ်စပ်ရောင်းလား၊ Export လား အစရှိသဖြင့် ကွဲသွား တာပေါ့။ ဒီ Process တစ်ခုဟာ အတော်လေး ရှည်ပါတယ်။ ထားပါတော့။

ပန်းသီး တစ်ပင်ဟာ အလုံး ၁၀၀ သီးပြီးတော့ အပင်သေမယ်ဆိုရင် သူ့ရဲ့ တန်ဖိုးဟာ ပန်းသီး အလုံး ၁၀၀ ဖြစ်ပါတယ်။ ပန်းသီး တစ်လုံး တန်ဖိုးအနေနဲ့ စိုက်သူဟာ တစ်လုံး ၃၀၀ နဲ့ ရရင် အပင်တစ်ပင်တန်ဖိုးဟာ မြန်မာကျပ်ငွေ သုံးသောင်း ဖြစ်ပါတယ်။ ဧက တစ်ခုမှာ အပင် တစ်ထောင်စိုက်နိုင်ရင် သိန်း ၃၀၀၀ တန်သွားပါပြီ။ ဒါပေမယ့် အသီးသီးဖို့အတွက် ရာသီတစ်ခုမှာ စောင့်ရတဲ့အချိန်ရှိတယ်။ ပျိုးရတဲ့အချိန်ရှိတယ်။ ဝန်ထမ်းကို ပေးရတာ ရှိပါတယ်။ သေချာ ပြန်တွက်ကြည့်ရင် ပန်းသီး ခြံခင်းပိုင်တဲ့သူ တစ်ယောက်တောင် တစ်နှစ်ပတ်လုံး လုပ်ပြီး သိန်း ၃၀၀ အမြတ်ကျန်ဖို့အတွက် မနည်းရုန်းကန်ရပါတယ်။ ဂေါ်ရခါး၊ ခရမ်းချဉ်သီး၊ အာလုံး၊ ကြက်သွန် အားလုံး ထိုနည်းတူစွာပါပဲ။ တောင်သူလယ်သမားတွေ လုပ်သာလုပ်နေရတာ သူတို့ ဘဝတွေ ထူးထူးခြားခြား တိုးတက်ပြောင်းလဲသွားတာ မြင်ရပါသလား။ တောင်သူလယ်သမား တွေကို မေးကြည့်ပါ။ ၁၀ ယောက်မှာ ၇ ယောက်က သူတို့ရဲ့ သားသမီး မျိုးဆက်တွေကို တောင်သူလယ်သမား မဖြစ်စေချင်ပဲ ပညာတတ်ကြီးတွေဖြစ်စေချင်ကြတယ်။ မြို့ကြီးပြကြီးတွေမှာ အလုပ်တွေ လုပ်စေချင်ကြ တယ်။ ဒီစာကို ဖတ်နေသူဟာ မြို့ကြီးသား ဖြစ်နေရင် တောင်သူလယ်သမားတွေရဲ့ ခံစားချက်ကို ဝင်နေရာယူ နားလည်ပေးဖို့ ခဲယဉ်းပါတယ်။

ဈေးကွက် အနေအထားအရ မပြေလည်မှုတွေ အမြဲလိုလို ကြုံရတာကော၊ ပင်ပန်းဆင်းရဲတာကြောင့်ကော၊ အမြတ်အစွန်းနည်းတာကြောင့်ကော လုပ်ရကိုင်ရတာ ဒါပဲလုပ်တတ်လို့ ဒါပဲလုပ်နေကြသူတွေက အများစုပါ။ လက်မှုလယ်ယာကနေ စက်မှုလယ်ယာပြောင်းတဲ့အခါ၊ လယ်ယာ စိုက်ပျိုးရေ နည်းပညာ တိုးတက်တဲ့အခါ၊ ဈေးကွက်ကို ငြိမ်အောင် အစိုးရက ထိန်းချုပ်ပေးနိုင်တဲ့အခါမှာဆိုရင်တော့ မြန်မာပြည်ရဲ့ စိုက်ပျိုးရေဟာ တိုင်းပြည်ရဲ့ အဓိက ဝင်ငွေကို ရှာပေးပြီး တိုင်းပြည်တိုးတက်အောင် လုပ်ပေးတဲ့ ကဏ္ဍတစ်ခု ဖြစ်လာနိုင်ပါတယ်။ ယခုလည်း တိုင်းပြည်ရဲ့ဝင်ငွေကို စိုက်ပျိုးရေးကနေ ရှာပြီး လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ တောင်သူလယ်သမားများ ဖြစ်ကြောင်း စစ်တမ်းအရ ဖော်ပြထားပါတယ်။

ဒီဆောင်းပါးရဲ့ အစမှာ ကျွန်တော်ဟာ နည်းပညာ ကုမ္ပဏီ အကြောင်းပြောပြီး နောက်ပိုင်းမှာ စိုက်ပျိုးရေး အကြောင်းကို ပြောတယ်။ စာရေးသူ ဘာကိုဆိုလိုတယ်ဆိုတာ သင်သိမှာပါ။ လူတစ်ယောက်ရဲ့ လုပ်က်ိုင်နိုင်မှုနဲ့ လုပ်အား (Productivity) ကို အသုံးချတဲ့အခါ မှန်ကန်စွာ အသုံးပြုနိုင်မှ မှန်မှန်ကန်ကန် တိုးတက်ပါမယ်။

ကျွန်တော်ဟာ NGO ပရောဂျက်တစ်ခုမှာ အလုပ်လုပ်တုန်းက အသက် ၂၄ ပဲ ရှိပါသေးတယ်။ အဲ့တုန်းက ဟိုတယ်နဲ့ ခရီးသွားလာရေး ဆိုင်ရာ ပုဂ္ဂလိက အဖွဲ့အစည်းတွေကို အွန်လိုင်း၊ နည်းပညာ ဆိုင်ရာ သင်ပေးရတာပါ။ အဲ့တုန်းက ကျွန်တော်နဲ့ တွဲဖက်သင်တဲ့သူက ဂျာမနီက ပါရဂူဘွဲ့ရ ဆရာတစ်ဦးပါ။ သူ့ကို ကျွန်တော် မေးကြည့်တယ်။ မြန်မာပြည်ကို တိုးတက်ပြောင်းလဲစေဖို့ဟာ ဘယ် ကဏ္ဍ ဖြစ်နိုင်သလဲပေါ့။ သူက ပြန်ဖြေတယ်။

“ငါအခု မြန်မာရဲ့ ခရီးသွားလာရေး ဆိုင်ရာကို တိုးတက်အောင် လာလုပ်ပေးနေပေမယ့် ဒါဟာ တိုင်းပြည်ကို အဓိက တိုးတက်ဖို့ ဆွဲခေါ်မယ့်ဟာလို့ က်ြိမ်းသေမဆိုနိုင်ဘူး။ ခရီးသွားလာရေး တိုးတက်ခြင်းကြောင့် နယ်စွန်နယ်ဖျားတွေအထိပါ အလုပ်အက်ိုင် တိုးတက်စေတာတော့ မမှားပါဘူး။ ဒါပေမယ့် တိုင်းပြည် တိုးတက်ဖို့ ဆိုရင် နည်းပညာ အလုပ်က မြန်မာအတွက် အသေချာဆုံး တစ်ခုလို့ ငါမြင်တယ်။ အခု ငါ မင်းတို့လို မြန်မာလူငယ်တွေနဲ့ စကားပြောရတာ ကမ္ဘေဒီးယားက လူငယ်နဲ့ စကားပြောရတာမတူဘူး။ မြန်မာ လူငယ်တွေက ငါတစ်ခွန်းပြောပြီး ဒါလေးလုပ်ပါလားဆိုရင် ဟုတ်ကဲ့ ဘာညာနဲ့ ပြောတာထက်လဲ ပိုလုပ်ပြချင်ကြတယ်။ ပိုလဲ လုပ်ဖို့အတွက် တောင်းဆိုကြတယ်။ လေ့လာချင်စိတ်တွေလည်း အတော်လေး များကြ တယ်။ အေး.. ကမ္ဘောဒီးယားကျတော့ အဲ့လိုမဟုတ်ဘူး။ ငါ ကမ္ဘောဒီးယားမှာ တာဝန်ကျတုန်းက အဲ့ဒီက လူငယ်တွေနဲ့ အလုပ်လုပ်ဖူးတယ်။ မင်းတို့ မြန်မာလူငယ်တွေလို Pro-active ဖြစ်တာ၊ သွက်လတ်တာ၊ ကြိုးစားတာကို ဘယ်လို ယှဉ်လို့ မရပါဘူး။ ဒီတော့ မြန်မာလူငယ်တွေဟာ နည်းပညာ အလုပ်တွေလုပ်ပြီးတော့ တ်ိုင်းပြည်တိုးတက်ဖို့ အတွက် ဖော်ဆောင်ပေးနိုင်မယ်လို့ ငါမြင်တယ်”

ကျွန်တော်ဟာ အဲ့ဒီစကားကြားရတဲ့အခါ အင်မတန် ဝမ်းသာပီတိ ဖြစ်မိခဲ့ ပါတယ်။ တိုင်းပြည်တိုးတက်ဖို့ အတွက် တကယ်တန်းကျတော့ နည်းပညာ ဆိုင်ရာ အလုပ်တွေဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သိထား လက်ခံထားတာ အတော်လေး ကြာပါပြီ။ နည်းပညာ ပညာကို တတ်ဖို့အတွက် လေ့လာချင်စိတ် တစ်ခုသာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ Formal ပညာရေးမှာ နည်းပညာကိုလည်း လေ့လာနိုင်သလို နည်းပညာကို ရောက်ရာ နေရာ၊ ဘဝအခြေအနေကနေ လေ့လာဖို့ ဆိုရင်လည်း အင်တာနက်သာ လိုအပ် ပါတယ်။ ကွန်ပြူတာ မရှိရင် ဖုန်းနဲ့ လေ့လာလို့ ရပါတယ်။ မိမိရင်းလိုက်တဲ့ ၁ လတာ အချိန်အတွင်း ရေးလိုက်တဲ့ ဆော့ဖ်ဝဲတစ်ခုက သိန်း ၁၀ဝလည်း တန်ကောင်း တန်သွားနိုင်ပါတယ်။ ဈေးကွက်မရှိလို့မရဘူးပဲထားအုံး အဲ့ဒီလိုရေးလိုက်နိုင်တဲ့ ဆော့ဖ်ဝဲကြောင့် သင့်ကို ဂျပန် ကုမ္ပဏီတွေက ငွေဘယ်လောက်ကုန်ကုန် ခေါ်ပါလိမ့်မယ်။

မြန်မာဟာ ခေတ်ကို ကျော်တဲ့ တိုင်းပြည်ဖြစ်ပြီး နည်းပညာတိုးတက်မှုရဲ့ အမြင့်ဆုံးကို နိုင်ငံတကာနဲ့ နည်းတူ ရရှိပါတယ်။ ယခင်တုန်းကတော့ အင်တနက်နှေးတာကြောင့် နည်းတယ်ဆိုရပေမယ့် ယခုတော့ မဟုတ်တော့ ပါဘူး။ အင်တာနက် ဈေးနှုန်းအနေအထားကလည်း သက်သာလာနေပြီ ဖြစ်တာကြောင့် လူငယ်တွေအနေနဲ့ လေ့လာလိုက်စားပြီး လုပ်ဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့လည်း ပညာရေး foundation မှာ အခိုင်အမာဖြစ်အောင် ဖန်တီးပေးပြီးရင် ဆယ်စုနှစ်တစ်ခုအတွက် ကမ္ဘာကို ယှဉ်ဘောင်တန်းနိုင်တဲ့ နည်းပညာရှင်တွေ မွေးထုတ်ဖို့အတွက် စီမံကိန်းနဲ့ ပြုလုပ်သင့်ပါတယ်။ တိုင်းပြည်တစ်ခု တိုးတက်ဖို့ အတွက် ဘက်စုံကဏ္ဍစုံက တိုးတက်ဖို့ လိုတယ် ဆိုတဲ့အချက်ကိုလည်း မငြင်းပါဘူး။ ဒါပေမယ့် နည်းပညာကိုတော့ အလေးနည်းနည်း ပိုပိုသာပေးပြီးတော့ ဘက်စုံထောင့်စုံက မိဘပြည်သူ အားလုံး အလေးပေး ဆောင်ရွက် တိုက်တွန်း၊ အားပေး၊ ကြိုးစားရဖို့ ဆန္ဒပြု ရေးသား လိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top