ခံတွင်းနံ့ဆိုးတွေမြန်မြန်ပျောက်ချင်သူတိုင်း လိုက်နာသင့်တဲ့အချက် (၃) ချက်

dentist.jpg

ခံတွင်းနံ့ဆိုးတာ၊ လူကြားထဲ စကားပြောလိုက်တာနဲ့ ပါးစပ်က အနံ့ဆိုးတွေ ဆက်တိုက်ထွက်နေတာမျိုးက အရှက်စရာကောင်းပါတယ်။ သတင်းကောင်းကတော့ ဒါတွေကို သင်အလွယ်တကူလေး ဖြေရှင်းနိုင်ပါတယ်။ ရိုးရာလေးပရိသတ်တွေအတွက် အမေရိကန်သွားဖက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ဆရာဝန် ဒေါက်တာ အက်ဒါ ကိုပါ (Ada Cooper) အကြံပေးထားတဲ့ ခံတွင်းနံ့အမြန်ဆိုးတွေ မြန်မြန်ဆန်ဆန်ပျောက်ချင်သူတိုင်း လိုက်နာသင့်တဲ့အချက် (၃) ချက်ကို ပြန်လည်ဝေမျှပေးချင်ပါတယ်။

၁။ ပါးစပ်ပလုတ်ကျင်းရုံနဲ့ မလုံလောက်ပါဘူး

တချို့တွေက သွားမတိုက်ဘဲ ပါးစပ်ကိုတစ်နေ့ (၄) ကြိမ်လောက် ပလုတ်ကျင်းတဲ့ဆေးရည်နဲ့ ဆေးတတ်ကြပါတယ်။ မလုံလောက်ပါဘူး။ သွားပွတ်တံနဲ့ သွားမတိုက်၊ သွားကြားထဲက အစာတွေကိုမရှင်းထုတ်ဘူးဆိုရင် အနံ့ဆိုးတွေ ထွက်လာမှာပါပဲ။ ညအိပ်ယာမဝင်ခင် သွားမတိုက်ဘဲနေမယ်ဆိုရင်လည်း စားထားတဲ့အစာအကြွင်းအကျန်တွေက တစ်ညလုံးသွားကြားထဲညှပ်နေပြီး ခံတွင်းနံ့ဆိုးစေနိုင်ပါတယ်လို့ ဒေါက်တာကိုပါက ထောက်ပြထားပါတယ်။

၂။ လျှာကိုလည်း တိုက်ပါ

ဘက်တီးရီးယားလေးတွေဟာ လျှာမှာလည်းကပ်တွယ်နေပြီး အနံ့ဆိုးတွေထွက်နိုင်လို့ လျှာကိုပါသွားပွတ်တံနဲ့ တိုက်ပေးဖို့လိုပါတယ်။

၃။ ရေများများသောက်ပါ

ရေဓာတ်ပြည့်ဝတာက ကိုယ်ခန္ဓာအတွက်သာမက ခံတွင်းနံ့ဆိုးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ သင့်အာခေါင်နဲ့ ပါးစပ်ကခြောက်နေမယ်ဆို တံတွင်းဂလင်းထွက်တာနည်းလို့ဖြစ်ပြီး ဘက်တီးရီးယားနဲ့ အစာအကြွင်းအကျန်တွေက ပါးစပ်ထဲအချိန်ကြာမြင့်စွာ ပိုနေနိုင်ကြကာ အနံ့ဆိုးထွက်လာစေပါတယ်။

သွားပိုးစားတဲ့သူ၊ သွားပြဿနာရှိတဲ့သူမျိုးဆိုရင်တော့ ဒီအချက် (၃) ခုထဲနဲ့မလုံလောက်ပါဘူး။ သွားဆရာဝန်တွေနဲ့ မကြာခဏတွေ့ပြီး ကုသမှုခံယူသင့်ပါတယ်။

Ref : Elitereaders “Dentist Reveals 3 Quick Ways To Get Rid of Bad Breath”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top