အသက် ၅၁ နှစ်အရွယ်မှာ ဆရာဝန်ဖြစ်လာခဲ့တဲ့ ကားစက်ပြင်သူ

doctor-1.jpg

အိပ်မက်တွေနောက် လိုက်ဖို့ အချိန်နောက်ကျတယ်ဆိုတာ မရှိကြောင်းကို ကားစက်ပြင်သူ ကားလ်အလမ်ဘီရဲ့ ဖြစ်ရပ်က သက်သေပြနေပါတယ်။ အမေရိကန်နိုင်ငံ၊ ကလိဗ်လန်းမြို့မှ ကားစက်ပြင်ဆရာ အလမ်ဘီဟာ ဆရာဝန်ဖြစ်ချင်တဲ့ သူ့ရဲ့ငယ်ဘဝအိပ်မက်ကို အသက် ၅၁ နှစ်အရွယ်မှာ အကောင်အထည် ဖော်နိုင်ခဲ့သူပါ။

ကားဝပ်ရှော့လုပ်ငန်းမှာ အောင်မြင်နေတဲ့ အလမ်ဘီဟာ စုဆောင်းထားတဲ့ ငွေကြေးတချို့နဲ့ ဆေးပညာလောကထဲမှာ မိတ်ဆွေအပေါင်းအသင်းတွေရဲ့အားပေးကူညီမှုတွေကြောင့် ၂၀၁၅ ခုနှစ်မှစပြီး ဆေးကျောင်း တက်ခဲ့တာပါ။

၄ နှစ်ကြာ ကျောင်းတက်ပြီးနောက် အသက် ၄၇ နှစ်အရွယ်မှာတော့ အလမ်ဘီက ဆေးကျောင်းကနေ ဘွဲ့ရခဲ့ပြီး လက်ရှိအချိန်မှာတော့ ဆေးရုံရဲ့ အရေးပေါ်ဌာန ဆရာဝန်အဖြစ် လုပ်ကိုင်လျက် ရှိပါတယ်။

သူဟာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ပြီး များပြားလွန်းတဲ့ ဆေးပညာ သင်ခန်းစာတွေကို လေ့လာသင်ကြားရချိန်မှာ အခက်အခဲတွေ ကြုံခဲ့ပေမဲ့ တစ်နေ့တာအလုပ်ကို တစ်နေ့ချင်း ပြီးအောင်လုပ်၊ အကောင်းမြင်စိတ်ကို နှလုံးသွင်းပြီး ကျော်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

Ref:  Dad Had Success as a Mechanic, But Wanted More — So He Went Back to School and Became a Doctor at 51

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top