ရေနစ်နေတဲ့ ဖခင်ကို ၁၀ နှစ်အရွယ် သား ၂ ယောက်က ကယ်တင်

6-7-2022-09.jpg

ရေနစ်နေတဲ့ ဖခင်ကို ၁၀ နှစ်အရွယ် သားနှစ်ယောက်က ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ယောက်ဟာ ရေနစ်နေသူကို ဘယ်လို ကယ်တင်၊ ပြုစုရမလဲဆိုတာ ရုပ်ရှင်ထဲမှာ မြင်ဖူးတဲ့ပုံစံအတိုင်း လုပ်ခဲ့တာပါ။

အလာဘားမားပြည်နယ်၊ ဘာမင်ဂမ်မြို့မှာ နေထိုင်တဲ့ ဘရက်ဒ်ဟာ နေအိမ်အနောက်ဘက် ရေကူးကန်ထဲမှာ ရေငုပ်ရင်း တရားထိုင်နေတုန်း သတိလစ်သွားခဲ့တာပါ။” ရေကူးမျက်မှန် တပ်ထားတော့ အဖေ မျက်နှာ ပြာလာတာကို လှမ်းမြင်ရတယ်။ အဲဒါနဲ့ အဖေ အခြေအနေမကောင်းတော့ဘူးထင်တယ်လို့ ဘရင်ဒန်ကို လှမ်းပြောလိုက်တာပါ” လို့ သားဖြစ်သူ ခရစ်ယာန်က ပြောပါတယ်။

အဲဒီအချိန်မှာ ဘရင်ဒန်၊ ခရစ်ယာန်တို့နဲ့အတူ သူတို့သူငယ်ချင်း ဆမ်လည်း ရှိနေပါတယ်။ ဘရင်ဒန်နဲ့ ဆမ်က ရေငုပ်ပြီး ဘရက်ဒ်ကို ရေကန်ပေါ် ဆွဲတင်ခဲ့ကြပါတယ်။ ခရစ်ယာန်က အကူအညီသွားတောင်းနေတုန်း ဘရင်ဒန်က ရှေးဦးသူနာပြုစုနည်းနဲ့ သူ့အဖေကို သတိပြန်လည်လာအောင် လုပ်ခဲ့တာပါ။

” စစချင်း နှလုံးပြန်ခုန်လာအောင်( CPR) လုပ်တယ်။ ပြီးတော့ ပါးစပ်ချင်းတေ့ပြီး လေမှုတ်ပေးတယ်။ အဖေဆီကနေ အမြှုပ်တွေ၊ ရေငန်တွေနဲ့ သွေးတွေ အန်ထွက်လာတယ်” လို့ ဘရင်ဒန်က ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဘရက်ဒ်ကို ဆေးရုံတင်ပို့ခဲ့ပြီး နှလုံးဖောက်လူနာ အထူးကြပ်မတ်ကုသဆောင်မှာ ၂၄ နာရီကြာ ကုသပေးခဲ့ရတာပါ။ ဘရက်ဒ် သတိပြန်ရလာချိန်မှာတော့ သူ့အသက်ကို ကယ်ပေးခဲ့တာ သူ့သားတွေဖြစ်နေမှန်း သိလိုက်ရလို့ အလွန်အမင်း ကြည်နူးမိတယ်လို့ ဆိုပါတယ်။

Ref: 10-Year-Old Brothers Save Dad From Drowning In Pool

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top